25 C
Yangon

ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာရွာတို့မှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာရွာတို့မှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာကျေးရွာတို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကလေး ဒကစ လက်အောက်ခံ ဗိုလ်ကြီး မင်းခန့်ဇင် ဦးဆောင်သော အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ဖြင့် အခြေချ တပ်စွဲထားသည့် စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းများကို သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသည့် လက် နက် ငယ် ၁၀ လက်၊ RPG-7 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ဗုံးမျိုးစုံ ၉ လုံး၊ 7.62 ကျည် ၃၈၈ တောင့်၊ 5.56 ကျည် ၆၄၁ တောင့် နှင့် ကျည်အိမ် ၄ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်း တပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မြင့်မြတ် စွာကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article