တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းကာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက တော်လှန်ရေးတက်ကြွသူ မြန်မာနိုင်ငံသားတို့ကို ထောက်ပို့ရေး၊ စစ်ဘေးရှောင်ပြည်သူတို့ကို ကူညီပေးရေးစသော လူထုစည်းရုံရေးများ မိန့်ကြားခဲ့ကြောင်း သိရှိရသည်။