25 C
Yangon

မင်္ဂလာဒုံစစ်ဆေးရုံ၏ လုံခြုံရေးစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြောက်ဥက္ကလာနှင့်တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်း၊ အမှတ် ၁ ကုတင် ၁၀၀၀ မင်္ဂလာဒုံစစ်ဆေးရုံရှေ့တွင် လုံခြုံရေးယူထားသော စစ်တပ်ကို ယနေ့ နံနက်အစောပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၊ အမှတ် ၁ ကုတင် ၁၀၀၀ စစ်ဆေးရုံ၊ အထူးကုစင်တာရှေ့တွင် လုံခြုံရေးယူထားသော စစ်တပ် ဂိတ်တဲကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံး ၁ လုံးပေါက်ကွဲပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း ရဲဘော် ပန်ဒါက ပြောသည်။

မင်္ဂလာဒုံစစ်ဆေးရုံအနီး နေထိုင်သူ ပြည်သူတစ်ဦးက “အခုမနက် ၅ နာရီ ၁၀ မိနစ် အချိန် ဗုံးပေါက်ကွဲသံ အတော် ကို ကျယ်ပါတယ်။ ခဏနေတော့ စစ်ကားတချို့နဲ့ ရဲကားတွေ ရောက်လာတာတွေ့ရတယ်။ စစ်ဆေးမှုတွေ လုပ်တာထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်း မြောက်ဥက္ကလာနှင့်တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မြောက်ဥက္ကလာ၊ ဇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ည ၈ နာရီနဲ့ ည ၈ နာရီ ၈ မိနစ်မှာ ဗုံးပေါက်သံ ၂ ချက် ဆက် တိုက်ပဲကြားရတယ်။ အတော်ကိုအသံက ကျယ်တာ။ ခဏနေတော့ မြောက်ဥက္ကလာအ၀ိုင်းဘက်တွေ၊ လမ်းဆုံဘက်တွေ၊ အုတ်ပုံဆိပ်အနီး ၄၃၅ ၊ ၄၃၆ တပ်တွေရှေ့မှာ စစ်ခွေးတွေ ကားတွေ၊ လိုင်းကားတွေကို စစ်တာတွေ့ရတယ်”ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ တက္ကစီသမားတစ်ဦးက ရှင်းပြသည်။

အလားတူ ယမန်နေ့ ညပိုင်း ည ၈ နာရီနှင့် ည ၁၁ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက အသစ်ဖွင့်လှစ်ထားသော ရဟတ်ယာဉ်ပါ ဆင်းသက်နိုင်သည့် မင်္ဂလာဒုံ စစ်ဆေးရုံ အမှတ် ကုတင် ၁၀၀၀ အထူးကုစင်တာ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article