25 C
Yangon

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက် စစ်ရှုံးနေပြီဖြစ်ပြီး အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ရန် AA စစ်ဦးစီးချုပ် သတိပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့်အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ညစပ် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေး လိုက်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှု့ကိုလေးစားပါတယ်။ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသောအကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မည်” ဟု AA စစ်ဦးစီးချုပ်က ရေးသားထားသည်။

ထို့ပြင် “တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်း နက်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်”ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆက်လက် သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ရခိုင်ပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးနိမ့်နေချိန် ရခိုင်ပြည်သူများကို ဖမ်းဆီးမှုများ၊ လေယာဉ်စီးခရီးသည်များကို ဖမ်းဆီးထားခြင်း၊ အဝေးပြေးကားပေါ်မှ ရခိုင်သွားမည့် ပြည်သူနှင့်လူငယ်များကို ဖမ်းဆီး စစ်ဆေးခြင်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article