30 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို ဝင်ရောက် ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေဟာ အနီးအနားရှိ ကျေးရွာတွေက ပြည်သူတွေကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေတာ ကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီတဲ့ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
  • ရခိုင်ပြည်အတွင်းက မြို့နယ် ၅ ခုက ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို ဆက် လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
  • ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်း နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားတဲ့ မော်ဖူးစခန်း ကို ဒရုန်းနဲ့ ဗုံးကျဲ၊ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ဖိအားပေးခဲ့ရာ စစ်ကောင်စီ တပ်သားတွေ မနေရဲ တော့ဘဲ စခန်းစွန့်ခွာထွက်ပြေး သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article