25 C
Yangon

ရန်ကုန်တိုင်း၊ မရန်းကုန်းမြို့နယ် တရားရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်မှုထမ်းဥပဒေအပေါ် ကန့်ကွက်သည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ဟုဆို

Must read

ရန်ကုန်တိုင်း၊ မရန်းကုန်းမြို့နယ် တရားရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်မှုထမ်းဥပဒေအပေါ် ကန့်ကွက်သည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် တရားရုံးအနီးတွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ မြို့နယ်တရားရုံးအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ၊ ရွှေနှင်းဆီလမ်းတွင် နေထိုင်သူပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်မဟာမိတ် Yangon Victory Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုမှာ စစ်မှု မထမ်းမနေရ ဥပဒေ ထုတ်ပြန်လာခြင်းအပေါ်လုံးဝ(လုံးဝ)ကန့်ကွက်ရူံ့ချသည့်အနေဖြင့်လည်းကောင်း၊ပြည်သူလူထုနှင့်လူငယ်ထုကိုယ်စားမခံမရပ်နိုင်သဖြင့်

တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သော တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်တရားရုံးကို တိုက်ခိုက်ရာတွင် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်မည်မလို လားသဖြင့် ရုံးချိန်ပြင်ပတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း၊ စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- မရမ်းကုန်းမြို့နယ် တရားရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article