25 C
Yangon

ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး AA ထံတွင် အလင်းဝင်၊ စစ်ကောင်စီက စစ်ကူမပေးသည့်အပြင် ရိက္ခာ မလုံလောက်မှု၊ သတ်မှတ် ၂ နှစ်ကာလထက် ပို၍ တာဝန်ထမ်းရမှုတို့ကြောင့် AA ထံတွင် အလင်းဝင်ဟုဆို

Must read

ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး AA ထံတွင် အလင်းဝင်၊ စစ်ကောင်စီက စစ်ကူမပေးသည့်အပြင် ရိက္ခာ မလုံလောက်မှု၊ သတ်မှတ် ၂ နှစ်ကာလထက် ပို၍ တာဝန်ထမ်းရမှုတို့ကြောင့် AA ထံတွင် အလင်းဝင်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် AA ထံတွင် အလင်းဝင်လာကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ရဲအုပ်ကျော်စိုးအောင် ဦးစီးသော ပုဏ္ဏားကျွန်းမြို၊ မြိုမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အင်အား ၂၃ ဦးသည် ရက္ခိုင့်တပ်တော် သိမ်းပိုက်နေစဉ်ကာလအတွင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် AA ထံတွင် အလင်းဝင်ရောက်လာကြောင်း၊ အလင်းဝင်ရခြင်းမှာ အင်အား မလုံလောကြောင်း စစ်ကောင်စီထံတင်ပြသော်လည်း စစ်ကူမပေးကြောင်း၊ ရိက္ခာလည်း မလုံလောက်ကြောင်း၊ ထို့ပြင် ပုဏ္ဏားကျွန်းတွင် ၂ နှစ်တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆို နေရာပြောင်းရွှေ့ခဲ့ရသော်လည်း ၃ နှစ်ရှိလာချိန်တွင်လည်း ပုဏ္ဏားကျွန်းတွင်ပင် ဆက်လက် တာဝန်ထမ်းဆောင်ရ ခြင်းတို့ကြောင့် AA ထံတွင် အလင်းဝင်ရခြင်းဖြစ်ကြောင်း ရဲအုပ်ကျော်စိုးအောင်က ရှင်းလင်းသည်။

“အလင်းဝင်ရခြင်း ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရှိတဲ့အင်အားနဲ့ မြို့မရဲစခန်း အင်အားနဲ့ မလောက်ငတဲ့အတွက် ကျနော်တို့မှာ အင်အားနည်းပါတယ်။ အင်အားနည်းတဲ့အတွက် လူကြီးတွေကို တင်ပြတယ်။ အင်အားနည်းတဲ့အတွက်ကျနော်တို့ဆီ လာပူးပေါင်းပေးပါ။ လူကြီးတွေက ကျနော်တို့ဆီကို အင်အားပူးပေါင်းပေးခြင်းမရှိပါဘူး။ နောက်တစ်ခုက ကျနော်တို့ဆီမှာလည်း စားဝတ်နေရေး အနေအထားနဲ့ ရိက္ခာကမရှိပါဘူး။ ကျနော်တို့ဆီမှာ ရေရှည်အတွက် ရိက္ခာတောင့်ခံနိုင်ခြင်းမရှိတဲ့အတွက် ကျနော်တို့ လာရောက်ပူးပေါင်းရခြင်းဖြစ်ပါတယ်။ လာရောက်အလင်းဝင်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ ပြည်မကနေ ရခိုင်ပြည်နယ်ကို ၂ နှစ်တာဝန်နဲ့ လာရောက် ရခြင်းဖြစ်ပါတယ်။ ၂ နှစ်ပြည့်လို့ ပြောင်းရွှေ့မိန့်တင်မယ်ဆိုတော့လည်း ၃ နှစ်ဖြစ်သွားတယ်။ ၃ နှစ်ပြည့်တော့လည်း ပြောင်းရွှေ့မိန့်တင်တော့လည်း ပြောင်းရွှေ့ခွင့်မပေးဘူး။ နောက်တစ်ခုက လုပ်သက်ခွင့် ရှောင်တခင်ခွင့်တို့ အဲဒါတွေကိုလည်း ကန့်သတ်ထားတယ်။ အဲဒါတွေကို မခံနိုင်တော့လို့ ULA AAမှာ အလင်းဝင်တာဖြစ်ပါတယ်။ “ဟု ရဲအုပ်ကျော်စိုးအောင်က ရှင်းပြသည်။

AA ထံတွင် အလင်းဝင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးပြီး စားဝတ်နေရေး ထောက်ပံ့ပေးကြောင်း၊ကောင်းမွန်စွာ နေထိုင်စားသောက်ရပြီး AA က လူသားချင်းစာနာထောက်သော တပ်ဖွဲ့ဖြစ်ကြောင်း၊ လှုမှုကွန်ရက်တွင် ပြန့်နှံ့နေသကဲ့သို့ AA ထံတွင် အလင်းဝင်လျှင် ရိုက်နှက် သတ်ဖြတ်မည်ဆိုသည်မှာလည်း မဟုတ်ကြောင်း၊ ကျန်တပ်ဖွဲ့ဝင်များ အလင်းဝင်ကြရန် ဖိတ်ခေါ်လိုကြောင်း ရဲအုပ်ကျော်စိုးအောင်က ဖိတ်ခေါ်သွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article