28 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် မင်းပြားမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းရဲ့ အစိတ်အပိုင်းတွေကို AA က စတင်သိမ်းပိုက်နေပြီး ၊ စစ်ကူလာချပေး တဲ့ စစ်သား အယောက် ၁၂၀ ထဲက နောက်ထပ် စစ်သား ၂၀ ထပ်သေသွားပြီဖြစ်တဲ့အတွက် အယောက် ၈၀ သေပြီးပြီလို့ AA က တရားဝင် ထုတ်ပြန်ထားပါတယ်။
  • ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်နေမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နဲ့ စစ်တွေ-ဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ်စကားများကြရာ ကနေ ထိုးကြိတ်မှုဖြစ်ပြီး တိုင်းမှူးက သွားကျိုးသွားသလို ဒကစမှူးက နှာခေါင်းရိုးကျိုးသွားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရုံးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာက တိုင်းလွှတ်တော်ကိုယ်စားလှယ်ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက် ရဲ့ နေအိမ်ရော စစ်ကောင်စီ လက်အောက်ခံ သစ်တောဝန်ထမ်း အိမ်ရာ နဲ့ သစ် စက်တွေကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article