25 C
Yangon

တက္ကသိုလ်ကျောင်းသားများ စစ်ထဲဝင်ကြရန် စစ်တပ်က လိုက်လံစည်းရုံးသိမ်းသွင်းနေပြီး အစိုးရထောက်ပံ့ကြေးယူထားသည့် ကျောင်းသားများ မဖြစ်မနေ စစ်ထဲဝင်ရန် ဖိအားပေးနေ

Must read

တက္ကသိုလ်ကျောင်းသားများ စစ်ထဲဝင်ကြရန် စစ်တပ်က လိုက်လံစည်းရုံးသိမ်းသွင်းနေပြီး အစိုးရထောက်ပံ့ကြေးယူထားသည့် ကျောင်းသားများ မဖြစ်မနေ စစ်ထဲဝင်ရန် ဖိအားပေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

အကြမ်းဖက်စစ်ကောင်စီက တက္ကသိုလ်၊ ကောလိပ်ကျောင်းသားများ စစ်ထဲဝင်ကြရန် လိုက်လံစည်းရုံးသိမ်းသွင်းနေပြီး အစိုးရပညာတော်သင် ထောက်ပံ့ကြေးယူထားသည့် ကျောင်းသားများ မဖြစ်မနေ စစ်ထဲဝင်ရန် ဖိအား ပေးနေကြောင်း တက္ကသိုလ်ကျောင်းသားကျောင်းသူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက တက္ကသိုလ်၊ ကောလိပ်များတွင် စစ်မှုမထမ်းမနေရ ဥပဒေအကြောင်း စစ်ကောင်စီက လိုက်လံဟောပြောကာ တက္ကသိုလ်ကျောင်းသားများ စစ်ထဲဝင်ကြရန် စည်းရုံးလျက်ရှိကြောင်း၊ ယနေ့ မန္တလေးတိုင်း၊ ကျောက်ဆည်တက္ကသိုလ်တွင် ကျောင်းသားများ စစ်ထဲဝင်ရေး စည်းရုံးဟောပြောလျက်ရှိကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ပညာရေးဝန်ကြီးဌာနထံမှ ပညာရေးဆိုင်ရာ ထောက်ပံ့ကြေးရယူထားသည့် နွမ်းပါး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသားများအားလုံး စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်ထားပြီး စစ်မှု မထမ်းဘဲ ရွှေ့ဆိုင်းနေလျှင် ငွေကျပ် သိန်း ၈၀ လျှော်ကြေးပေးရန် ဖိအားပေးနေကြောင်း သိရှိရသည်။

လတ်တလောရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော စာရင်းများအရ ပုသိမ်တက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ မန္ဆလေးတိုင်းအတွင်းရှိ တက္ကသိုလ်တချိုတိုတွင် ပညာရေးဝန်ကြီးဌာနထံမှ အစိုးရထောက်ပံ့ကြေး ယူ ကျောင်းတက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို လာမည့် ဧပြီလကုန် စတင်မည့် စစ်မှုထမ်းခေါ်ယူမှုများတွင် လျှောက်လွှာ တင်ခိုင်းနေကြောင်း သိရှိရသည်။

“ဧရာဝတီတိုင်းမှာရှိတဲ့ အစိုးရထောက်ပံ့ကြေးယူခဲ့တဲ့၊ ယူနေတဲ့ ဆင်းရဲနွမ်းပါး တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို စစ်မှူထမ်းဖိုစည်းရုံးပါတယ်။ သူတိုခေါ်တဲ့အချိန် စစ်မှုမထမ်းဘဲ ရွှေ့ဆိုင်း ပျက်ကွက်ရင် လျှော်ကြေးသိန်း ၈၀ ပေးရမယ်။ အစိုးရ ထောက်ပံ့ကြေး ပေးတော့ တစ်လမှ ၃၀၀၀၀ ကျပ်ပါ။ မိဘနဲ့ကျောင်းသားတွေစိတ်ဒုက္ခရောက်နေရပါပြီ” ဟု မအူပင်တက္ကသိုလ်မှ အစိုးရထောက်ပံ့ကြေးယူခဲ့သူ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အစိုးရထောက်ပံ့ကြေးယူ ဘွဲရခဲ့ကြသည့် ဆင်းရဲနွမ်းပါး ဘွဲရ လူငယ်များအားလုံးကိုလည်း လာမည့် ဧပြီလကုန် စတင်မည့် စစ်မှုထမ်းများ ခေါ်ယူချိန်တွင် လျှောက်လွှာတင်ကြရန် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲများမှတစ်ဆင့် အကြောင်းကြားနေကြောင်း သိရှိရသည်။

“မန္တလေးတိုင်းထဲမှာရှိတဲ့ တက္ကသိုလ်တွေကနေ ထောက်ပံ့ကြေးယူ ဘွဲရခဲ့တဲ့ လူငယ်တွေ အားလုံး စစ်မှုထမ်း လျှောက်လွှာတင်ဖို မြိုနယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲတွေက အကြောင်းကြားစာတွေပိုပါတယ်။ ပျက်ကွက်လိုမရဘူး။ မပျက်မကွက် လျှောက်လွှာ တင်ရမယ်လို့ ပြောပါတယ်” ဟု မန္ဆလေးတိုင်း၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာမှ လူငယ်တစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article