25 C
Yangon

NUG နှင့် မြေပြင် တော်လှန်ရေး အင်အားစုများ နိုင်ငံရေးအရ ပိုမို အစေးကပ်စေရေး ကြိုးစားရန် လိုအပ်နေဟု ယာယီသမ္မတဒူဝါလရှီးလ သတိပေး

Must read

NUG နှင့် မြေပြင် တော်လှန်ရေး အင်အားစုများ နိုင်ငံရေးအရ ပိုမို အစေးကပ်စေရေး ကြိုးစားရန် လိုအပ်နေဟု ယာယီသမ္မတဒူဝါလရှီးလ သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် မြေပြင် တော်လှန်ရေး အင်အားစုများ နိုင်ငံရေးအရ ပိုမို အစေးကပ်စေရေး ကြိုးစားရန် လိုအပ်နေဟု ယာယီသမ္မတဒူဝါလရှီးလက သတိပေး ပြောဆိုလိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၈ / ၂၀၂၄ အစိုး ရ အဖွဲ့အစည်းအဝေးတွင် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ- NUG အစိုးရအနေဖြင့် မြေပြင်တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအရ နီးနီးကပ်ကပ် ပူး ပေါင်း ဆောင်ရွက်ထားမှသာ စစ်ဘေးရှောင်ပြည်သူများကို ထိထိရောက်ရောက် ကူညီနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ မြေပြင်က တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ ပိုမို အစေး ကပ်အောင် ဆက်လက်ကြိုးစားဖို့ လိုနေပါတယ်။ အထူးသဖြင့် အရေးပေါ် အချိန်ကာလတွေမှာ၊ ပြည်သူလူထုထဲက စစ်ဘေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အလုပ်တွေကို လုပ်တဲ့အခါမှာ မြေပြင်က အင်အားစုတွေနဲ့ နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားမှသာ လူထုအရေးကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစည်း မလုပ်နိုင်လို့ လူထုကို ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေမှာ ကြန့်ကြာတာမျိုး / နှောင့်နှေးတာမျိုးတွေ ရှိနေတာကို သတိမူမိဖို့ လိုပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရ ပိုပြီး ကပ်အားကောင်းအောင် ကြိုးစားလုပ်ဆောင်ကြဖို့ လိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ထို့သို့ လုပ်ဆောင်ခြင်းကို နိုင်ငံရေးအရ တော်လှန်ရေးအင်အားစု အချင်းချင်းကြား Political Capital ကို တည်ဆောက်ခြင်းဖြစ်ကြောင်း၊ Political Capital အရ ခိုင်မာအားကောင်းမှသာ လူထု၏ အရေး ကိစ္စများကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မည်ဟု ဆိုသည်။

“ခုခံတော်လှန်စစ်ရလဒ်တွေကို လက်တွေ့မြေပြင်မှာ ထင်ထင်ရှားရှား ပြသနိုင်မှသာလျှင်၊ လူထုရဲ့ ဘေးဒုက္ခတွေဟာ အမြန် ကင်းလွတ်မှာ ဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် အကြမ်းဖက် စစ် အုပ်စု ကို အလျင်အမြန် ဖယ်ရှားနိုင်ရေးဟာ အင်မတန် အရေးကြီးနေပါတယ်။ ခုခံတော်လှန်စစ် ရလဒ် တွေ အောင်အောင်မြင်မြင်ရဖို့ နှောင့်နှေးလေလေ၊ လူထုရဲ့ ဘေးဒုက္ခတွေ ရှည်ကြာလေလေ ဆိုတာကို သတိချပ်ကြဖို့ လိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေးကဲ့သို့ တော်လှန်စစ်ရေး အောင်ပွဲ ရလဒ်များကို အလားတူ နယ်မြေဒေသများတွင် တိုးချဲ့ ရရှိနိုင်ရန် NUG အစိုးရအဖွဲ့ဝင် အားလုံးက ခွန်စိုက်အားစိုက် လုံ့လထုတ်ကြရန် အထူး တိုက် တွန်း လိုကြောင်း၊ တိုင်းပြည်နှင့် ပတ်သက်သည့် အရေးကိစ္စများကို စီမံကွပ်ကဲသည့်အခါ မှန်ကန် ၊ မြန်ဆန် ရန်လိုအပ်ပြီး ၂၁ ရာစု အပြောင်းအလဲများသည် အလွန်လျင်မြန်ကြောင်း၊ နွေဦးတော် လှန်ရေးထဲက Generation Z ဟု ခေါ်သည့် လူငယ်များ၏ စွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ သည် ခေတ်နှင့် အညီ လျှင်မြန်သွက်လက်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နွေဦးတော် လှန်ရေးကို ဦးဆောင်နေကြသည့် အစိုးရတစ်ရပ်အနေဖြင့် လေးကန် နှေးကွေးနေ၍ မရဘူးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်း မဟုတ်ပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန်ဖြစ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် ခိုင်မာကျစ်လစ်သည့် အမျိုးသားညီညွတ်ရေးကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးထားသည်။

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေထဲမှာ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ တအာင်း၊ ချင်း … စတဲ့ လူမျိုးပေါင်းစုံ ပါဝင်စုဖွဲ့ထားတဲ့ အစိုးရတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက မိမိတို့ရဲ့ လူမျိုးရေးကိုပဲ ရှေ့ရှု လုပ်ဆောင် တာမျိုး မဟုတ်ဘဲနဲ့ အားလုံး လွှမ်းခြုံပြီး တစ်နိုင်ငံလုံးအရေးကို ခြုံကြည့်ပြီး လုပ်ဆောင်ဖို့ အထူးလို အပ်ပါတယ်။ အဲသည့်လို လုပ်ဆောင်မှသာ ကျွန်တော်တို့ရဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး လုပ်ငန်းစဉ်မှာ ခိုင်မာကျစ်လစ်တဲ့ အမျိုးသားညီညွတ်ရေးအင်အားနဲ့ ရှေ့ဆက်နိုင်မှာ ဖြစ်ကြေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article