25 C
Yangon

ချောက်မြို့နှင့် မန္တလေးမြို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ခေါင်းဆောင် ၁ ဦး တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံး

Must read

ချောက်မြို့နှင့် မန္တလေးမြို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ခေါင်းဆောင် ၁ ဦး တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း ချောက်မြို့၊ အမှတ် ၈ သာယာအေးရပ်ကွက် ထိပ်၌ ဖွင့်လှစ်ထားသော အောင်ရတနာ စားသောက်ဆိုင်အတွင်း၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကိုဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း Chauk Guerrilla Force (C.G.F) ခေါင်းဆောင် ဗိုလ်ပေတ က ရန် ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက် ည ၈ နာရီ ၁၅ ခန့်က ချောက်မြို့၊ ပြည်တောင်စုလမ်းမကြီးပေါ်၊ အမှတ် ၈ သာယာအေးရပ်ကွက်ထိပ်၊ အနော်ထာ တံတားအနီးရှိ အောင်ရတနာ၂ စားသောက်ဆိုင် အတွင်း သောက်စားပျော်ပါးနေသော အမှတ် ၁၄ နယ်မြေ အုပ်ချုပ်ရေးမှူး အောင်ကိုဝင်းကို သေနတ်ဖြင့် ၇ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ထိသို့ အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာချိန်တွင် အောင်ကိုဝင်း၏ နောက်ပါ အမျိုးသမီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လိုက်လံနှောက်ယှက်တိုက်ခိုက်သဖြင့် မလွှဲမ ရှောင် သာ သေနတ်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“သူနဲ့အတူတူ ထိုင်တဲ့အမျိုးသမီးက ကျနော်တို့ကို လိုက်လံခုခံတဲ့အတွက် ခြောက်လှန့် ပစ်ခတ်ရင်းနဲ့ သူ့ကို ထိသွားတယ်လို့တော့ ကြားတယ်ဗျ၊ ဒါပေမယ့် အရမ်းအန္တရာယ်မရှိပါဘူး၊ မစိုးရိမ်ရပါဘူး၊ အ ပစ် ခတ်ခံလိုက်ရတဲ့ အုပ်ကြီးကတော့ နေရာတွင်ပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်” ဟု Chauk Guerrilla Force (C.G.F) ခေါင်းဆောင် ဗိုလ်ပေတ က ရန် ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) ၊ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့နှင့် ချောက်မြို့နယ် (ပကဖ)တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းတပ်ဖွဲ့ တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း Chauk Guerrilla Force (C.G.F) အသိပေးထားသည်။

သေဆုံးသူ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး အောင်ကိုဝင်းသည် အမှတ် ၁၄ ရပ်ကွက်နေ လူငယ် လူရွယ်များကို အကြမ်းဖက် စစ်တပ်၏ ပြည်သူ့စစ် သင်တန်းများ တက်ရောက် ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ဖိအားပေး ခြိမ်းခြောက် ခြင်းများ ပြုလုပ်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချောက်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အလိုကျ အုပ်ချုပ် ရေးမှူးများနှင့် ပြည်သူ့စစ်သင် တန်း တက်ရောက်ရန် လိုက်လံ စည်းရုံးနေသူများ အားလုံး ပြည်သူနှင့်တစ်သားတည်း ရပ်တည်ကြ ရန်၊ ပြည်သူ့စစ်သင်တန်းတက်ရန် စည်းရုံး လှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်းများ ၊ အကြမ်းဖက်စစ်တပ် နှင့် ပူးပေါင်းဆောင်ရွက် ခြင်းများ ( လုံးဝလုံးဝ) မပြုလုပ်ရန် Chauk Guerrilla Force (C.G.F) ထုတ် ပြန်ထားသည်။

အလားတူ မန္တလေးမြို့တွင် ပျူစောထီး ခေါင်းဆောင် စိုးမင်းအောင် လိုက်ပါလာသောကားကို လက် ပစ် ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Mandalay UG Wolf ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၇ နာရီ ၄ မိနစ်ခန့်တွင် မန္တလေးမြို့ ပျူ‌‌စောထီး ခေါင်းဆောင် စိုးမင်း အောင်သည် မြို့ထဲမှ ပြန်လာစဉ် တံခွန်နွားဘေးမဲ့ရုံ အနီးတွင် Mandalay UG Wolf ARMY အဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေမသေတော့ အတည်မပြုနိုင်သေးဘူး။ ကားတော့ ရှေ့ကို ထောင်သွားတာ တွေ့ခဲ့ရတယ်” ဟု Mandalay UG Wolf ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပျူစောထီး ခေါင်းဆောင် စိုးမင်းအောင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် မပတ်သတ် ရန် စာပစ်ခြင်း၊ ဖုန်းနှင့် ဆက်သွယ်ပြီး အကြိမ်ကြိမ် သတိပေးခဲ့ သော်လည်း အကြမ်းဖက် စစ်ကောင် စီ တပ်သားများနှင့် ဆက်လက် ပူးပေါင်းနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Mandalay UG Wolf ARMY မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article