28 C
Yangon

မင်းပြားမြို့ရှိ မင်းဖူး အရပ်ဘက် ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဆေးကုသနေသည့် ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန် ဒဏ်ရာရ

Must read

မင်းပြားမြို့ရှိ မင်းဖူး အရပ်ဘက် ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဆေးကုသနေသည့် ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ မင်းဖူး အရပ်ဘက် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးကုသနေသည့် ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၁ စီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အရပ်သား ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရမှုများလည်းရှိကြောင်း၊ ယင်းဆေးရုံသည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများနှင့် သုံ့ပန်းမိသားစုဝင်များကိုလည်း ဆေးကုသပေးနေသော အရပ်ဘက် ဆေးရုံဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ရခိုင်ဒေသ စစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီး တစ်မြို့ကို လက်လွှတ်ဆုံးရှုံး နေရသည့်အတွက် ရှုံးမဲမဲကာ မြိ့း၊ ရပ်ရွာများရှိ အရပ်သား ပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိကြောင်း ရခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article