25 C
Yangon

မုံရွာမြို့ အမှတ် ၁ ရဲစခန်းရှိ အချုပ်‌ခန်းများတွင် နိုင်ကျဉ်း ၂၀၀ ဦး အပါအဝင် အခြားအမှုဖြင့် ဖမ်းဆီးထားရသူများကို မတရားသဖြင့် ချုပ်နှောင်၍ လူအခွင့်အရေး ချိုးဖောက်မှုများစွာ လုပ်ဆောင်နေ

Must read

မုံရွာမြို့ အမှတ် ၁ ရဲစခန်းရှိ အချုပ်‌ခန်းများတွင် နိုင်ကျဉ်း ၂၀၀ ဦး အပါအဝင် အခြားအမှုဖြင့် ဖမ်းဆီးထားရသူများကို မတရားသဖြင့် ချုပ်နှောင်၍ လူအခွင့်အရေး ချိုးဖောက်မှုများစွာ လုပ်ဆောင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၁ ရဲစခန်းရှိ အချုပ်ခန်းများတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၀၀ နှင့် အခြားရာဇဝတ်မှုဖြင့် ဖမ်းဆီးထားရသူ အကျဉ်းသား၊ အကျဉ်းသူ ၁၅၀ခန့်ကို မတရားသဖြင့် ချုပ်နှောင်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရှိရသည်။

မုံရွာ အမှတ် ၁ ရဲစခန်း၏ အချုပ်ခန်း ၃ ခန်းအတွင်း ချုပ်နှောင်ခံထားရသည့်သူများတွင် အသက်မပြည့်‌ သေးသည့် ကလေး ၂၀ ဦးလည်း ပါဝင်နေကြောင်း၊ အကျဉ်းချခံထားရသူများမှာ အကျဉ်းထောင်များထက် ပို၍ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“တကယ်ဆိုရင် အကျဉ်းသားတစ်ယောက်ကို ၂၄ နာရီထက်ပိုပြီးတော့မှ ချုပ်နှောင်ခွင့် မရှိဘူး။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ဒီလိုမျိုး အကျဉ်းသားတွေကို နှစ်ရှည်များစွာချုပ်ထားတာကလည်း လူ့အခွင့်အရေးချိုးဖောက်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာဖြစ်တယ်။ ဘာမှ သက်သေမပြနိုင်ဘဲ ဘာမှ အမှုစွဲဆိုနိုင်ခြင်း မရှိဘဲနဲ့ အကျဉ်းသားတွေကို လက်ရှိ ရဲစခန်းအချုပ်ဆောင်ထဲမှာ ထားထားတယ်။ အဲဒီလို ထားထားတဲ့အတွက် အချုပ်ဆောင်တွေမှာ လူဦးရေ ပြည့်ကျပ်နေပြီးတော့ အစားအသောက်ကအစ မလောက်မငစားရတာမျိုးတွေ ကြုံနေတယ်။ ပြီးတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ မရတာမျိုးတွေလည်း ဖြစ်နေတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အမှတ်(၁)ရဲစခန်း၏ အချုပ်ဆောင်တွင် အကျဉ်းကျခံနေရသူသည် အစားအသောက် လုံလောက်စွာ ရရှိခွင့်၊ တစ်လကို တစ်ကြိမ် မိသားစုနှင့် တွေ့ဆုံခွင့်(ဧည့်တွေ့ခွင့်)များလည်း ဆုံးရှုံးနေပြီး လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု ရရှိခွင့်များ ဆုံးရှုံးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အမျိုးသမီး အချုပ်ခန်းများသို့ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရဲဝန်ထမ်းများဖြစ်သည့် တာဝန်မှူး ဝေဝေမြင့်၊မို့မို့လွင်နှင့် ဂတ်စာရေးချစ်ညိုညိုတို့ အမြဲလာရောက်၍ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်နေကြောင်း၊ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အမှတ် ၁ ရဲစခန်အတွင်း တစ်နှစ်ကြာသည်အထိ အမှုမဖွင့် တရားရုံးမပို့ဘဲ ဥပဒေမဲ့ ချုပ်နှောင်ခံထားရသူ အကျဉ်းသား ၂၀၀ ခန့်ရှိနေ‌ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရှိရသည်။

“အကျဉ်းထောင်ထဲမှာ ရှိတဲ့ အကျဥ်းသားတွေတောင်မှ အချိန်မရွေး လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခါမှာ ရဲစခန်းသည် အကျဉ်းထောင်မဟုတ်တဲ့အတွက် ဒီလိုမျိုး ချုပ်နှောင်ထားတဲ့လူတွေ အပစ်မရှိဘူးဆို လွှတ်ပေးပါ။ တကယ်လို့ သက်သေခိုင်လုံလို့ ဖမ်းတယ်ဆိုရင်လည်း ရဲစခန်းသည် ထောင်မဟုတ်ပါဘူး ရဲစခန်းသည် ဖမ်းရဆီးရမယ့်သူတွေကို တရားရုံးကို ပို့ပြီးမှ အမှုစွဲဖို့ တာဝန်ပဲ ရှိပါတယ်။ အကျဉ်းသားတစ်ယောက်ကို ဒီလိုမျိုး ကြာရှည်စွာချုပ်နှောင်ထားခွင့်မရှိပါဘူး”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article