26 C
Yangon

ရန်ကုန်မှ စစ်တွေသို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအားလုံးကို စစ်တပ်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးသွားခဲ့ပြီး သတင်းစုံစမ်းမရ ဖြစ်နေ

Must read

ရန်ကုန်မှ စစ်တွေသို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအားလုံးကို စစ်တပ်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးသွားခဲ့ပြီး သတင်းစုံစမ်းမရ ဖြစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်မှ စစ်တွေမြို့သို့ သွားရောက်မည့် ပြည်တွင်း လေယာဉ်ခရီးစဉ်မှ ခရီး သည်များအားလုံး စစ်တပ်က ဖမ်းဆီးထားပြီး ခရီးသည်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်မှ စစ်တွေမြို့သို့ ထွက်ခွာမည့် MNA မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအားလုံးကို စစ်တပ်က ရန်ကုန်လေဆိပ်တွင်ပင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရန်ကုန်မှ စစ်တွေ MNAလေကြောင်းလိုင်းရဲ့ မနက် ၉ နာရီ ၃၅ မိနစ် မှာ ထွက်ခွာမယ့် လေယာဉ်ခရီးသည်တွေမှာ ကျနော့် ညီမလေး ပါသွားပါတယ်။ ခရီးသည်တော်တော်များများ ရန်ကုန်လေ ဆိပ်မှာ စစ်တပ်က ဖမ်းဆီးသွားပါတယ် ။ မနက် ၁၀နာရီကျော်လောက်မှာညီမလေးနဲ့ ဖုန်းပြောနေတုန်း လေ ဆိပ်ကတာဝန်ရှိသူတွေက ဖုန်းတွေအကုန်လုံးစ​က်ပိတ်ခိုင်းနေတယ်လို့ပြောတယ်။ အဲဒီအချိန်ကတည်းကအဆက် အသွယ်ပြတ်သွားတာ။ ညနေ ၆နာရီလောက်မှာတစ်ခါဖုန်းဆက်ကြည့်တော့ဝင်တယ်။ ဒါပေမယ့်အကြောင်းမပြန်ဘူး။ အကြိမ်ကြိမ်ခေါ်ပေမယ့်လုံးဝအကြောင်းမပြန်ဘူး။ နာရီဝက်လောက်ကြာတော့စက်ပြန်ပိတ်သွားတယ်။ အခုချိန်ထိ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ အကိုဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရန်ကုန်လေဆိပ်တွင် စစ်တပ်က ဖမ်းဆီးသွားခဲ့သော ပြည်သူများ၏ လုံခြုံရေး၊ စားဝတ်နေရေးအတွက် မိသားစုများနှင့်ဆွေမျိုးများက စိုးရိမ်နေကြသည်ဟု သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရခိုင်သို့ ကုန်းလမ်း၊ လေယာဉ်လမ်းမှတစ်ဆင့် သွားမည့် ခရီးသည်များကို စစ်ကောင်စီက တောက်လျှောက်ဆိုသလို ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဉ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article