25 C
Yangon

ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ မွတ်စလင် အမျိုး သား ၁၀၇ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ မွတ်စလင် အမျိုး သား ၁၀၇ ဦးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဘုရားအနီးရှိ ကျောက်တလုံး ကယ်ဆယ် ရီးစခန်း (IDP) မှ မူဆလင် အမျိုးသား ၁၀၇ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကျောက်ဖြူမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၂ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၅၀ ခန့်သည် ကျောက်တလုံး ကယ်ဆယ်ရီးစခန်းကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျောက်တလုံး ကယ်ဆယ်ရေးစခန်း၌ လုံခြုံရေး ယူထားသော အမှတ် ၃၂ ရဲတပ်ရင်းမှ ရဲအင်အား ၂၀ ခန့်နှင့် ပူးပေါင်းပြီး စခန်းအတွင်းရှိ အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အကြား မူဆလင် အမျိုးသား ၁၀၇ ဦးကို အဓမ္မ ဖမ်းဆီးကာ ကယ်ဆယ်ရေး စခန်းရှိ ရိက္ခာဂိုဒေါင်ထဲတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ကျောက်ဖြူမြို့မှ ပြည်သူ ၁၃ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article