37 C
Yangon

တောင်သာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

တောင်သာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ထောက်တိုင် ကံဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ညောင်ဦးခရိုင် ပြည်သူ့စစ်တိုက် ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က တောင်သာမြို့နယ်၊ ကြာပို့ရွာရှိ ကြက်ဝိုင်း၊ ဂျင်ဝိုင်း ပြုလုပ်နေသည့် နေရာတွင် ရွာဘဲရွာ နေ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် ကံဝင်းကို ညောင်ဦးခရိုင် ပြည်သူ့စစ်တိုက်ဖျက်ရေးနှင့် လောင်းကစားမှု ပပျောက်ရေး အဖွဲ့မှ ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။

“လောင်းကစားဝိုင်းထဲမှာပဲ ရှင်းလင်းလိုက်တာ၊ နေရာတင်ပဲ သေသွားတယ်၊ သူက ပျူထက်ဆိုး တယ်၊ သူ့နာမည်ပြောလိုက်တာနဲ့ မန္တလေး တစ်တိုင်းလုံးသိတယ်၊ စကစ ရဲ့အဓိကလူ၊ အခု အဲဒီရွာ တွေဘက်ကို စစ်ခွေးအင်အား ၁၇၀ လောက်နဲ့ စစ်ကြောင်းထိုးရှာနေတယ်၊ သာမန် ပျူအဆင့် လောက်ဆိုရင် အဲလောက်အင်အားသုံးရှာမှာ မဟုတ်ဘူး၊ သူကတော်တော် အရာရောက်တဲ့ လူမလို့ အင်အား ၁၇၀ လောက်အထိ သုံးရှာတာ၊ မန္တလေးတိုင်းက စစ်ကောင်စီရဲ့ အကောင်ကြီးကြီးတွေထိ ပိုင်တယ်” ဟု ညောင်ဦးခရိုင် ပြည်သူ့စစ်တိုက် ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ ကံဝင်းသည် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများနှင့်ပူးပေါင်းကာ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ကုန်တင်ရေယာဉ်များကို အကြမ်းဖက်စစ်သား၊ ရဲ အရာရှိများနှင့်ပူးပေါင်းကာ အကျိုးတူ လုပ်ဆောင် နေသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဓိကထောက်တိုင်တစ်ဦးဖြစ်ကြောင်း၊ ထို့အပြင် ညောင် ဦး ခရိုင်အတွင်း၌လည်း ပြည်သူ့စစ်ဖွဲ့ရန် စုဆောင်းသူများနှင့်လည်း ပူးပေါင်းနေသူ ဖြစ်ကြောင်း သိ ရသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း၌ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း ၌ အစည်းအဝေးပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးသွားပြီး ယနေ့ ဖေဖော်ဝါရီ လ ၂၇ ရက်မွန်းလွဲ ၁ နာရီခန့်တွင် သေဆုံးသွားသော ပျူစောထီး ၂ ဦးကို သင်္ဂြိုလ်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article