25 C
Yangon

ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

Must read

ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ သီလုံးရွာရှိ ပျူစောထီး အထိုင်စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ဆိုင်း တိုက်ခိုက်ခဲ့စဉ် ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်၊ ကျည်တချို့၊ ဗောက် ၅ ဗောက်၊ ဗုံးသီး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် သီလုံးကျေးရွာမှ အရပ်သား ပြည်သူ ၈ ဦးကို ပျူစောထီးများက မတရား ဖမ်းဆီး သတ်ဖြတ်ခဲ့သောကြောင့် Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ၊ EYE FORE EYE၊ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article