35 C
Yangon

ဖားကန့်မြို့နယ်၊ တာမခံ တိုက်ပွဲတွင် KIA က ပစ်ခတ်၍ ကျည်ထိမှန်ခဲ့သော တိုက်လေယာဉ်မှာ K-8W အမျိုးအစား ဖြစ်ပြီး တိုက်လေယာဉ် အမြီးပိုင်းထိမှန်ခဲ့

Must read

ဖားကန့်မြို့နယ်၊ တာမခံ တိုက်ပွဲတွင် KIA က ပစ်ခတ်၍ ကျည်ထိမှန်ခဲ့သော တိုက်လေယာဉ်မှာ K-8W အမျိုးအစား ဖြစ်ပြီး တိုက်လေယာဉ် အမြီးပိုင်းထိမှန်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံ တိုက်ပွဲတွင် KIA က ပစ်ခတ်၍ ထိမှန်ခဲ့သော တိုက်လေယာဉ်မှာ K-8W အမျိုးအစား လေယာဉ်ဖြစ်ပြီး အမြီးပိုင်းထိမှန်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များက အားသာပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က အနည်းဆုံး တိုက်လေယာဉ် ၄ စီးဖြင့် တာမခံ ကျေးရွာတစ်ခုလုံးကို လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ KIA က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်လေယာဉ် တစ်စီး ထိမှန်သွားကြောင်း သိရှိရသည်။

“တိုက်လေယာဉ် ထိသွားတာက အပေါ့စားတိုက်လေယာဉ် K-8W ။ အမြီးပိုင်းတော့ထိ တယ်။ ပျက်မကျဘူးလို့ သိရတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

KIA က ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ မိုးမောက်မြို့ မြို့သစ်နှင့် ကုန်းလောကြားတွင် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းမှ ဝိုင်းမော်မြို့နယ် နာဖော့စခန်းသို့ ရိက္ခာနှင့် လက်နက်လာပို့သည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဥ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်တို့ကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article