25 C
Yangon

မတ္တရာမြိုနယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် သက်တော် ၈၇ နှစ်ရှိ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဓားစာခံ အဖြစ် ဖမ်းဆီးသွားသော ပြည်သူ ၄ ဦးကိုလည်း ပစ်သတ်

Must read

စစ်တပ် စစ်ကြောင်း အပြန်တွင် မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်ခြင်းကြောင့် သက်တော် ၈၇ နှစ်ရှိ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြိုနယ်၊ မြိုဒင်ဆင်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သာအေးကျေးရွာကို စစ်ကြောင်း တစ်ကြောင်း မြိုဒင်ရွာ ဆင်ရွာဘက်ကို စစ်ကြောင်း တစ်ကြောင်းခွဲ၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

မြိုဒင်ရွာဘက်ကို ထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သေနတ်များ ပစ်ဖောက်ကာ စီးနင်း ခဲ့ပြီး ဒေသနေ ပြည်သူ ၂ ဦးဖြစ်သည့် ဦးထွန်းလှနှင့် ကိုဝင်းမင်းထွန်း တိုကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း၊ ထိုပြင် မြိုဒင်ရွာရှိ လျှပ်စစ် ထရမ်စဖာအိုးကိုလည်း ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေချောင်ရွာ၊ အင်းတံခါးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးမွှေနှောက်ပြီး ကျန်ရှိနေသော စစ်ကြောင်းနှင့် ပူးပေါင်းကာ ပြည်သာအေးရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး အဘယရာမစိတ္တသုခ ဘုန်းကြီးကျောင်းကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်မွှေနှောက်ခဲ့ကြောင့် ကျောင်းထိုင်ဆရာတော်၏ ခမည်းတော် သက်တော် ၈၇ နှစ် ဝါတော် ၅ဝါရှိ သံဃာတစ်ပါး သေနတ်ကျည်ထိမှန်၍ ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

ဘုန်းကြီးကျောင်းကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဘုန်းကြီးကျောင်းသို ထွက်ပြေး တိမ်းရှောင်နေသူများနှင့် သံဃာတော်များထံမှ ပိုက်ဆံများ ရှာဖွေ ယူဆောင်သွားပြီး စစ်ကြောင်းပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆည်တော် ရေလွှတ်ပြွန် နံပါတ် ၄ အရောက်တွင် ၎င်းတို ဖမ်းဆီးလာသည့် ဓားစာခံ ပြည်သူ ၄ ဦးကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။

“စစ်ခွေးတွေ ဘယ်က ဖမ်းဆီးလာတယ်ဆိုတာလည်း အတည်မပြုနိုင်သေးဘူး။ အသတ်ခံရတဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းပြန်လည် ဆုတ်ခွာလာစဉ် မိုးကြိုးစစ်ကြောင်းက မိုင်း ၃ လုံးဆွဲ၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး မိုင်းထိမှန်ကာ စစ်ကောင်စီ တပ်သားများ သေဆုံးသူများနိုင်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article