25 C
Yangon

တနင်္သာရီမြို့နယ်ရှိ စစ်တပ် တပ်ရင်းများနှင့် စစ်ရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ခမရ ၅၆၁ တပ်ရင်း၊ ဗောဓိကမ်းတံတားဂိတ်နှင့် ၃၀၆ အမြောက် တပ်အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြိုနယ် ဘက်မလိုက် ပြောက်ကျားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီခွဲမှ စတင်ပြီး တနင်္သာရီမြို့နယ်၊ ခမရ ၅၆၁ တပ်ရင်း၊ ဗောဓိကမ်း တံတားဂိတ် နှင့် ၃၀၆ မော်စီတုံးအမြောက်တပ်အတွင်းတို့ကို တစ်ညလုံးဗုံးကျဲတိုက်ခိုက် ခဲ့ရာ ၃၀၆ မော်စီတုံးအမြောက်တပ်အတွင်း ဗုံးသီး ၁၀ လုံးကျော် တိုက်ခိုက်မှု၌ အကြမ်းဖက်စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ည ၁၂ နာရီလောက်ကနေစပြီး ၃၀၆ မော်စီတုံးအမြောက်တပ်ထဲကို ကျဲခဲ့မှုမှာ စစ်ခွေး ၃ ကောင် ထက်နည်း ထိမှန်တယ်၊ တစ်ကောင်သေတယ်လို့ သတင်းရရှိထားတယ်၊ ဗုံးချပြီးတော့သိပ်မကြာဘူး၊ နာရေးကား ၂ စီး၊ Vigo ကားတစ်စီးနဲ့ ဒဏ်ရာရသူတွေကို သယ်သွားတာတွေ့ရပါတယ်၊ ခမရ ၅၆၁ တပ်ထဲကတော့ ခွေးသေထိခိုက်တာ မကြားရသေးဘူး၊ ဗောဓိကမ်းတံတားဂိတ်မှာက မထိဘူးဗျ၊ နံဘေးမှာ ကျသွားလို့” ဟု တနင်္သာရီမြိုနယ် ဘက်မလိုက် ပြောက်ကျားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ – တနင်္သာရီမြို့နယ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃၀၆ မော်စီတုံး အမြောက်တပ်အတွင်းမှ တဖက်ကမ်းရှိ မရင်းကြီးကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာသား အမျိုးသား နှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးလက်မှာ လက်မောင်းကျိုးသွားခဲ့ ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article