36 C
Yangon

သရက်ချောင်းမြို့နယ်၊ ဝင်းဝ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

သရက်ချောင်းမြို့နယ်၊ ဝင်းဝ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သရက်ချောင်းမြို့နယ်၊၀င်း၀ရဲစခန်းမှာ တာ၀န်ကျနေသော သက်၂၀ အရွယ် ရဲတပ်သားတစ်ဦးသည် ပုတီးတစ်လုံးပြောက် ကျားတပ်ဖွဲ့ထံသို့ ဆက်သွယ်ကာ G3 ရိုင် ဖယ် သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကျည်ဆံ ၂၆ တို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သားကို လုံခြုံစိတ်ချရသည့် နေရာ သို့ ပို့ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ဖက်ဒရယ်စစ် ကြောင်းထံသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့သည့် ဖက်ဒရယ်စစ်ကြောင်းနှင့် ပူးပေါင်းထားသော တပ်ဖွဲ့တစ်ခု ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article