25 C
Yangon

ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာကို စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာကို စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၄၀ ဝန်းကျင်အချိန်တွင် ကလေးမြို့ လေယာဉ်ကွင်းအတွင်းမှ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် တက်သွားပြီး ကလေးမြို့တက္ကသိုလ် အနီးရှိ ထောက်ကြန့်ကျေးရွာကို ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ကလေးနည်းပညာတက္ကသိုလ် ထောက်ကြန့်ရွာကို ဗုံးကျဲတာ။တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ကလေးနည်းပညာတက္ကသိုလ်နားမှာ ထိုမာရွာပြီးရင် ထောက်ကြန့်ရွာပဲ။ အဲဒီရွာကို ဗုံးကျဲတာ။ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း တစ်ချိန်လုံး ပစ်ခတ်နေတယ်” ဟု ကလေးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ကလေးမြို့နယ်ဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန် ရေးတပ်များ တိုက်ပွဲများ တောက် လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article