25 C
Yangon

ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ရွာကို မီးရှို့ဖျက်ဆီး

Must read

ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တောင်ရွာသစ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ကာပြည်သူ ၃ ဦးကို ဖမ်းဆီးထားပြီး ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၈ နာရီတွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ကန့်ဒေါင့်ရွာဘက်မှ တောင်ရွာဘက်သို့ တက်လာကာ ရွာထဲ မရောက်ခင် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

” အခု စစ်ခွေးတွေ မီးရှို့နေတယ်။ ၃ ဦးအဖမ်းခံထားရတယ်ဗျ။ မအလတွေက ရွာထဲ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်သယ်နေကြတယ်ဗျ။ ရွာထဲ မရောက်ခင် တပ်ဖွဲ့အချို့နဲ့ ပစ်ခတ်မှုရှိတယ်။ ခုလက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတယ်တဲ့”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖမ်းဆီးခံရသည့် ပြည်သူများမှာ ဦးလှ၊ ဦးအောင်ဝင်းနှင့် ဦးဖိုးနီတို့ ၃ ဦး ဖြစ်ပြီး အကြမ်းဖက် စစ်တပ်သည် လက်ရှိအချိန်ထိ ပြည်သူပိုင်ပစ္စည်းများကို ကန့်ဒေါင့်စခန်းဘက်သို့ သယ်ယူနေကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ရွာသစ်ကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိသည့် ရွာကြီး ဖြစ်ပြီး ရွာသစ်ကျေးရွာအပါအဝင် အနီးအနားကျေးရွာများရှိ ဒေသပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article