26 C
Yangon

ရှမ်းပြည်နယ်၊ မဘိန်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး မြောက်ပိုင်းတိုင်းတိုင်းမှူးကို စစ်အုပ်ချုပ်ရေးအာဏာ စစ်ကောင်စီက လွှဲအပ်

Must read

ရှမ်းပြည်နယ်၊ မဘိန်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး မြောက်ပိုင်းတိုင်းတိုင်းမှူးကို စစ်အုပ်ချုပ်ရေးအာဏာ စစ်ကောင်စီက လွှဲအပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်၊ မဘိန်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး မြောက်ပိုင်းတိုင်းတိုင်းမှူးကို စစ်အုပ်ချုပ်ရေးအာဏာ စစ်ကောင်စီက လွှဲအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ ညပိုင်း သတင်းထုတ် ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက မိုးမိတ်မြို့နယ်နှင့် မဘိန်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ဌာနဆိုင်ရာနှင့် ယန္တရားများအားလုံးသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မြောက်ပိုင်းတိုင်းမှူးကို အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ပိုင်ခွင့်အာဏာပေး ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမိတ်မြို့သည် လွန်ခဲ့သော ဇန်နဝါရီလအတွင်း တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သော မြို့ဖြစ်ပြီး မဘိန်းမြို့မှာလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝန်းရံထားသော မြို့ဖြစ်သည်။

ဓာတ်ပုံ- မိုးမိတ်မြို့ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article