25 C
Yangon

တမူးမြိုနယ် ကမ္ဘာလုံးစေတီကုန်း၌ တပ်စွဲထားသော SNA စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

Must read

တမူးမြိုနယ် ကမ္ဘာလုံးစေတီကုန်း၌ တပ်စွဲထားသော SNA စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကမ္ဘာလုံးစေတီဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် တမူးခရိုင်၊ တမူးမြို့နယ် စပ်ကြား ကမ္ဘာလုံး‌စေတီဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ SNA တပ်မဟာ ၈၉၁ ၊ တပ်ရင်း ၂ မှ စစ်ကြောင်းမှူး ဝင်းကို ဦးစီးသည့် အင်အား ၆၀ ခန့်ရှိ စခန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ SNA တပ်သား ၄ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသည့် M-22 သေနတ် ၁ လက်၊ G-3 သေနတ် ၄ လက်၊ G-3 ကျည် ၆၇၅ တောင့်၊ 7.62 ကျည် ၂၃၅ တောင့်၊ 5.56 ကျည် ၁‌၇‌၂‌ တောင့်၊ နင်းမိုင်း ၁ ခု၊ ကတ်သီး ၃ ခု၊ M-22 ကျည်အိမ် ၂ ခု နှင့် G-3 ကျည်အိမ် ၁၀ ခု သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တမူးခရိုင် ကွပ်ကဲရေး၊ တမူးခရိုင် တပ်ရင်းများနှင့် KNA(B) ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article