26 C
Yangon

ရန်ကုန်ရှိ ဌာနဆိုင်ရာရုံးများတွင် စစ်တပ်၊ ရဲများနှင့်တွဲဖက်၍ Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက နေ့၊ည မပြတ်ကင်းစောင့်ခိုင်းပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြိုရှိ ဌာနဆိုင်ရာရုံးများတွင် စစ်တပ်၊ ရဲများနှင့်တွဲဖက်၍ Non-CDM ဝန်ထမ်းများကို နေ့၊ည မပြတ် ကင်းစောင့်ခိုင်းထားကြောင်း ရန်ကုန်အခြေစိုက် ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မှစတင်ပြီး ရန်ကုန်မြိုပေါ်ရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများအနေဖြင့် နေ့ဆိုင်း၊ ညဆိုင်း အလိုက် ၂၄ နာရီမပြတ် ကင်းစောင့်ရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း၊ ကင်းစောင့်မည့် သူများစာရင်းကိုလည်း နာမည်စာရင်းအလိုက် ဖြည့်စွက်ခိုင်းပြီး ကွပ်ကဲမည့် စစ်ကောင်စီတပ်များထံသို ပေးပိုခိုင်းထားကြောင်း သိရှိရသည်။

“ရန်ကုန်မြိုပေါ်က ရုံးတွေမှာ လုံခြုံရေးအကြောင်းပြနဲ့ စစ်အုပ်စုက စာရင်းဇယားတွေကို အသုံးပြု၍ ဌာနဆိုင်ရာတွေကို ဝန်ထမ်းအင်အား၊နေ့/ညလုံခြုံရေး ထားရှိမှုအခြေအနေ၊မိုင်းရှာ ကိရိယာနဲ့ မိုင်းရှာခြင်းအခြေအနေများကိုမြိုနယ်အလိုက် ရုံးဌာနအလိုက်စာရင်းတောင်းယူနေပါတယ်။ မနေ့ကစပြီး မြိုနယ် ထွေ/အုပ်က စာရင်းတွေ စတောင်းပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဌာနဆိုင်ရာရုံးများ၏ လုံခြုံရေး တာဝန်ယူခိုင်းရာတွင် လုံခြုံရေး အနီးကပ်ကွဲကပ်မည့်ဝန်ထမ်းများအုပ်စု၊ လုံခြုံရေးအရ အဝင်/အထွက်ဂိတ်များ၏ လုံခြုံရေးဆောင်ရွက်မည့် ဝန်ထမ်းများအုပ်စု၊ မိုင်းရှာမည့် ဝန်ထမ်းများအုပ်စုဟူ၍ အုပ်စု ၃ ခုခွဲကာ စစ်ကောင်စီတပ်၊ ရဲများနှင့်အတူ ပူးတွဲ လုံခြုံရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article