25 C
Yangon

မင်းပြားမြို မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်တပ်၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေဟု စစ်သုံပန်း ခလရ ၂၉၉ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်း ဝေဖန်ပြောဆို

Must read

ဗုံးကျဲခံရသည့် ဆေးရုံတွင် စစ်သုံပန်း အရာရှိ၊ စစ်သည်များနှင့် အလင်းဝင်နေသည့် တပ်မိသားစုဝင်များ၊ ပြည်သူများ ဆေးကုသမှု ခံယူနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်တပ် ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေဟု စစ်သုံပန်း ခလရ ၂၉၉မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းတိုက ဝေဖန်ပြောဆိုလိုက်ကြသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကိုအသုံးပြု လေကြောင်းမှလာရောက်ဗုံးကျဲတိုက်ခိုက်ရာ ဆေးရုံမှာ လုံး၀ ပျက်စီးသွားကြောင်း သိရှိရသည်။

အဆိုပါ ဆေးရုံပျက်စီးမှုနှင့်ပတ်သက်ပြီး AA က စစ်သုံပန်း ခ.လ.ရ ၂၉၉ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ဇော်လင်းထွန်းတို၏ ပြောဆိုချက်ကို တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ယင်းအရာရှိနှစ်ဦးစလုံးမှာ ဗုံးကျဲခံခဲ့ရသည့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသူများဖြစ်သည်။

အရပ်သားပြည်သူများ၊ စစ်သုံပန်း အရာရှိ၊ စစ်သည်မိသားစုများ၊ အလင်းဝင်လာသည့် စစ်သည်မိသားစုများ ဆေးကုသမှု ခံယူနေသည့် အရပ်ဘက်ဆိုင်ရာ ဆေးရုံကို ဗုံးကျဲတိုက်ခိုက်ခြင်းသည် စစ်ဥပဒေနှင့် မညွီညွတ်ဘဲ စစ်တပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း ၊ စစ်ရေးအရ ရှုးနိမ့်၍ အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် အငြိုးအတေးဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်းက စစ်တပ်၏ လုပ်ရပ်အပေါ် ဝေဖန်ပြောဆိုသည်။

“ဒီဆေးရုံကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ လေကြောင်းမှ ဖျက်အားပြင်းတဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေ ဆောင်ရွက်တဲ့အတွက်ကြောင့် ပျက်စီးနေတာဖြစ်ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ အရပ်သားပြည်သူတွေ၊ စစ်သည်တွေ အလင်းဝင် မှီခိုတွေ အဓိကထား ဆေးကုသနေတဲ့ ဆေးရုံကို ဒါ ဗုံးကျဲတိုက်ခိုက်မှုဟာ တပ်မ တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေပါတယ်။ ကျနော်သာ ဒီဆေးရုံမှာ ဗုံးကျဲတိုက်ခိုက်မှု ဖြစ်တဲ့အချိန်အထိ ဆေးဝါးကုသမှု ဆက်လက် ခံယူမယ်ဆိုရင် ကျနော့်အသက်လည်း ဒီမှာ ပါသွားနိုင်ပါတယ်။ နောက်ထပ်လူကြီးများအနေနဲ့ လက်ရှိ ဆေးရုံကို ဗုံးကျဲတိုက်ခိုက်မှုဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် အများကြီးနစ်နာစေတယ်လို ထင်မြင်ယူဆပါတယ်။ နောက်တစ်ခုက ကျနော်တို အထက်လူကြီးများအနေနဲ့ စစ်ရေးအခြေအနေအရ နယ်မြေတွေ ဆုံးရှုးခဲ့ပြီးမှ အဲဒီဆုံးရှုးတဲ့နယ်မြေကို အငြိုးအတေးနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေ ကုသပေးနေတဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်တာဆိုရင် ဒါ ကျနော်တို တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး စစ်ဥပဒေနဲ့ မညီညွတ်ကြောင်း ကျနော်အနေနဲ့ ထင်မြင်ယူဆပါတယ်” ဟု ခလရ ၂၉၉ မှ ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်းက ပြောဆိုသည်။

အလားတူ ခလရ ၂၉၉ မှ စစ်သုံပန်း ဗိုလ်မှူး ဇော်လင်းထွန်းကလည်း ဆေးရုံကို လေကြောင်းမှ ဗုံးကျဲသည့် စစ်တပ်၏ လုပ်ရပ်သည် အရုပ်ဆိုး အကျဉ်းတန်သော လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုသည်။

“ဒီဆေးရုံက ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ မြန်မာ့တပ်မတော်သားတွေ၊ အလင်းဝင်လာသူတွေ တပ်မတော်သားတွေ အနီးအနားမှာရှိတဲ့ ပြည်သူတွေကို ဆေးဝါးကုသပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာဆိုလိုရှိရင် မြန်မာ့တပ်မတော် အကျဉ်းတန်ရုပ်ဆိုးစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှာ တာဝန်ရှိတဲ့သူတွေကို ပြောလိုတာက ရခိုင်ဒေသမှာ စစ်ရေးမဆိုင်တဲ့ ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေခြင်းက ဥပဒေနဲ့ မညီညွတ်သလို မြန်မာ့တပ်မတော်အတွက် ဂုဏ်သိက္ခာကျဆင်းစေတဲ့လုပ်ရပ်ဖြစ်စေတယ်လို ကျနော်အနေနဲ့ ထင်မြင့်ယူဆပါတယ်” ဟု ဗိုလ်မှူးဇော်လင်းထွန်းက ပြောဆိုသည်။

ခလရ ၂၉၉ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ဇော်လင်းထွန်းတိုသည် ဇန်နဝါရီလ ၂၈ ရက်နေ့ မင်းပြားမြိုသို စစ်ကူလာရောက်ရင်း ဖမ်းဆီးခံခဲ့ရသော စစ်သုံပန်းများဖြစ်ပြီး ဖမ်းဆီးခံခဲ့ရချိန်တွင် ဒဏ်ရာများရရှိထားခဲ့ကာ AA၏ ဆေးကုသပေးမှုကြောင့် လက်ရှိတွင် သက်သာပျောက်ကင်းနေကြပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article