25 C
Yangon

ောင်ဒဂုံ ၂၀ ရပ်ကွက်၊ အမှတ် ၂ စျေးတွင် ဖဲ၀ိုင်း၊ နှစ်လုံး၊ ၃ လုံးထီများကို စစ်တပ်နှင့်ရဲက လိုင်းကြေးယူ ခွင့်ပြုထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်၊ အမှတ် ၂၀ ရပ်ကွက်၊ အမှတ် ၂ စျေးတွင် ဖဲ၀ိုင်း၊ နှစ်လုံး၊ ၃ လုံးထီများကို စစ်တပ်နှင့်ရဲက လိုင်းကြေးယူ ခွင့်ပြုထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

စစ်ကောင်စီကခန့်ထားသော တောင်ဒဂုံမြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တောင်ဒဂုံမြိုနယ်ရဲတပ်ဖွဲက အမှတ် ၂ စျေးအတွင်း လောင်းကစား၀ိုင်းများ၊ နှစ်လုံးထီ ၊ သုံးလုံးထီ ရောင်းချနေခြင်းများထံမှ လိုင်းကြေး ရယူပြီး ခွင့်ပြု ထားသဖြင့် ယင်းစျေးအတွင်းတွင် စျေးဖွင့်ချိန် နံနက်ပိုင်းမှစတင်ပြီး ညနေပိုင်းအထိ လောင်းကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

“အမှတ် ၂ စျေးမှာ ဖဲဝိုင်းတွေကို ရေကန်ဘေး၊ အလုပ်သမားနားနေဆောင်မှာ ကစားကြတယ်။ ကစားကြတာက ညနေဈေးပိတ်ချိန်အထိ လူစည်နေတယ်။ ဖဲဝိုင်းကို နှစ်လုံးဒီဒိုင် ဦးတင်အေးနဲ့ အလုပ်သမားခေါင်းဆောင် ဉီးဇော်ထွန်းတိုက ဦးစီးကာတာဝန်ယူထားတယ်။ ဈေးတာဝန်ခံနဲ့ ဈေးကို လာတဲ့ စျေးလူကြီးတွေကိုလည်း အရက်နဲ့အစားအသောက်တွေ ကျွေးမွေး ငွေပေးထားတယ်။ ဈေးလုံခြုံရေးတွေကလည်း ဖဲဝိုင်းအတွက်တာဝန်ယူပေးနေတယ်။ စျေး လုံခြုံရေးမှူးဦးမျိုးမြင့်လေးအပါပါပဲ” ဟု စျေးသည်တစ်ဦးက ဆိုသည်။

ဖဲ၀ိုင်းနှင့်လောင်းကစား၀ိုင်းများတွင် လူမိုက်များက လုံခြုံရေး တာဝန်ယူကြပြီး တစ်ဖက်တွင်လည်း လိုင်းကြေးပေးထား၍ စျေးဆိုင်ပိုင်ရှင်များမှာ မိမိတို၏ ပစ္စည်းများ ပျောက်ရှမည်ကို ရမတက်မအေးဖြစ်ရကြောင်း စျေးဆိုင်ပိုင်ရှင်တိုက ပြောဆိုကြသည်။

ထိုပြင် စျေးအတွင်း နှစ်လုံးထီ၊ သုံးလုံးထီများ ရောင်းချ ထိုးကြခြင်းမှာလည်း တရားဝင်သဘောလားဟု ထင်မှတ်လောက်အောင်ပင် ပေါ်ပေါ်တင်တင်ရောင်းချ ပြောဆို ဆွေးနွေးမှုများရှိနေကြောင်း သိရှိရသည်။

“နှစ်လုံးထီ၊ သုံးလုံးထီကတော့ တောင်ဒဂုံ ၂၀ ရပ်ကွက်၊ ၂ စျေးမှ မဟုတ်ဘူးနော်။ ရန်ကုန်တစ်မြိုလုံး နှစ်လုံးထီ သုံးလုံးထီတွေ ဖမ်းလည်း မဖမ်းဘူး။ လိုင်းကြေးယူ ခွင့်ပြုပေးထားတာ။ ဆင်ခြေဖုံးရပ်ကွက်တွေကတော့ အဆိုးဆုံးပဲ။ နှစ်လုံး သုံးလုံး အရမ်းကစားကြတယ်။ လူတွေက ငွေမရှိ၊ အလုပ်မရှိတော့ နှစ်လုံးထီ သုံးလုံးထီကိုပဲ မျှော်လင့်ချက်လို ထိုးကြ၊ ကစားကြ ။ ဘုန်းကြီးတွေ ဂဏန်းပေးတဲ့ ဘိုးတော်လို၊ ဓာတ်ဆရာလိုလို ဟာတွေဆီသွားကြ ထိုးကြ ပေါက်လိုက် ကုန်လိုက်ပဲ။ ထိုးသားတွေက အိမ်ပေါင် ခြံပေါင် ရောင်း၊ ဒိုင်တွေက လိုင်းကြေးပေးပြီး အိမ်တွေ တစ်လုံးပြီး တစ်လုံးထပ်ဝယ်။ ချမ်းသာလာကြတာ။ နိုင်ငံရေးစိတ်မလည်အောင် အဲဒါတွေကို တရားဝင် ခွင့်ပြုထားတာလို ပြောလိုရတယ်”ဟု ဒဂုံမြိုသစ်တောင်ပိုင်းမှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးလည်းဖြစ်၊ အထက်တန်းရှေ့နေတစ်ဦးလည်းဖြစ်သူက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – မကွေးတိုင်းအတွင်းရှိ လောင်းကစား၀ိုင်းတစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မကွေးတိုင်းအတွင်းရှိ လောင်းကစား၀ိုင်းတစ်ခု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article