25 C
Yangon

မုံရွာမြိုနယ်၊ ကံပြား၊ ပေကုန်း၊ တဲကျီးကုန်းရွာများကို စစ်တပ်က မီးရှိဖျက်ဆီးမှု အဘွား ၁ ဦး မီးလောင်သေဆုံးပြီး အိမ်ခြေ ၅၀ ခန့်မီးလောင်ဆုံးရှုး

Must read

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ် ကံပြား၊ပေကုန်း၊ တဲကျီးကုန်းရွာများကို အကြမ်းဖက်စစ်တပ်က မီးရှိဖျက်ဆီးရာ ကံပြားရွာရှိ မပြေးနိုင်သည့် အဘွားတစ်ဦး မီးလောင်သေဆုံးပြီး ခန့်မှန်းအိမ်ခြေ ၅၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်မှစ၍ စစ်တပ်က တဲကျီးကုန်းရွာကို စတင်မီးရှိဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး တဲကျီးကုန်းရွာမှ ကံပြားရွာကို ထပ်မံ မီးရှိကာ တပ်ထဲ ပြန်ဝင်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“စစ်တပ်က မီးရှိတာ။ အကြောင်းမဲ့ ရှိတာပါ။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်။ ကံပြားရွာက မပြေးနိုင်တဲ့ အဘွားတစ်ယောက် မီးထဲပါသွားတယ်။ မီးလောင်တဲ့ အိမ်တွေက ဘာမှ မကျန်ဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်သည် ကျောက်စစ်ပုံ အမြောက်တပ်မှ ဖြစ်ကြောင်း၊ မီးရှိဖျက်ဆီးရာတွင် ဆိတ်အကောင်ရေ ၈၀ ခန့်လည်း သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article