25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက ၁ ကျောင်းကို ဝင်ရောက်လာတဲ့ စစ်ကား ၉ စီးကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့တယ်လို့ CDSOM မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ဆီကသိရပါတယ်။

– ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ကိုရီးယားဆိပ်ကမ်းဈေးအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၁၂ ဦး သေဆုံးပြီး အယောက် ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။

– ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ပြည်တွင်းအခွန်ဦးစီးဌာနပိုင်မြေလို့ဆိုပြီး နှစ်ပေါင်း ၃၀ ကျော် နေလာတဲ့ပြည်သူတွေကို အတင်းအဓမ္မ အိမ်တွေ ဖျက်ခိုင်းလိုက်တဲ့အတွက် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒေသနေပြည်သူတွေကပြောပါတယ်။

– အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်နဲ့ ရက္ခိုင့်တပ်တော် (AA) က တာဝန်ရှိသူတွေ တွေ့ဆုံပြီး နယ်စပ်လမ်းဖောက်လုပ်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article