25 C
Yangon

တာချီလိတ်မြိုနယ်တွင် ဓားပြတိုက်လုယက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော ၇ ဦးပါ အဖွဲကို ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ မတ် ၁

ရှမ်းပြည်နယ်၊ တာချီလိတ်မြိုနယ်တွင် ဓားပြတိုက်နေသည့် စစ်ကောင်စီရွေးကောက် ပွဲ ကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော အဖွဲကို ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြိုပေါ် ရပ်ကွက်များ အတွင်း စစ်တပ်နှင့် ရဲဝတ်စုံများ ဝတ်ဆင်၍ လက်နက်များ ကိုင်ဆောင်လျက် မကြာခဏ ဓားပြတိုက် လုယုက် ပြန်ပေးမှုများ ဖြစ်ပွားနေသဖြင့် ရှာဖွေဖမ်းဆီးရာ ဖေဖော်ဝါ ရီလ ၂၉ ရက်နေ့ ည ၁၂ နာရီအချိန် တာချီလိတ်မြို၊ မယ်ခေါင် ရပ်ကွက်၊ စိုက်ပျိုး ရေးလမ်း၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အိမ်ရာတွင် ရွေးကောက် ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ယင်းနောက် ဓားပြတိုက်သည့် အဖွဲကို ကွင်းဆက်များဖြင့် ထပ်မံ ဖမ်းဆီးရာတွင် အဖွဲခေါင်းဆောင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အသက် ၃၂ နှစ်အရွယ် ဒုဦးစီးအရာရှိ အေးကိုကိုဦး ၊ ပါဆပ်ရပ်ကွက်မှ စိုင်းမောင်ထွန်း(ခ)အိုက်ပီး ၊ ဝမ်းလုံးကျေးရွာမှ စိုင်းလှမောင် ၊ ဆန်းဆိုင်း(ခ) ရပ်ကွက်မှ စိုင်းခမ်းတွီ ၊မယ် ခေါင် ရပ်ကွက်မှ ရဲသီဟလွင် ၊ ဝိန်းကျောက်ရပ်ကွက်မှ ကျိုင်းဆံဟိုင်း၊ ဆေခမ်းရပ်ကွက်မှ စိုင်းဆိုင်မိန်း တိုကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ဒုဦးစီးအရာရှိ အေးကိုကိုဦးနှင့်အဖွဲထံမှ လက်နက်များ၊ ယာဉ်များ၊ ရဲဝတ်စုံနှင့် ပြည်သူ့စစ်ဝတ်စုံများကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article