25 C
Yangon

ရေစကြိုမြိုနယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ ရေစကြိုမြို၊ နံ့သာဟေဝန်ပန်းခြံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲဝင်များ အနက် ရဲတပ်ကြပ်ကြီးတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက် ညနေ ၄ နာရီခန့်က ရေစကြိုမြို၊ မြိုင်ဟေဝန်ပန်းခြံ၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများအနက် ရဲတပ်ကြပ်ကြီးတစ်ဦးသည် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ – ရေစကြိုမြိုနယ် ပကဖ နှင့် CDF ဟားခါး B2, C5(Gangaw) တိုထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ထံသို ယုံကြည်စွာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ် ကြောင်း သိရသည်။

“အရင်လင်းကတောကနေ အလင်းဝင်လာတဲ့ရဲတစ်ယောက်ကနေ တဆင့် ဆက်သွယ်လာတာ၊ အဲဒီ အလင်းဝင်တဲ့ ရဲတစ်ယောက်က ဟားခါးဘက်ရောက်နေတာဆိုတော့ သူကတဆင့် ဆက်သွယ်လာ တဲ့အတွက် အဲဒီပန်းခြံနားအထိ သွားခေါ်ခဲ့တာ၊ လက်နက်လည်းပါလာတဲ့အတွက် ဆုကြေးတွေပေးဖို စီစဉ်နေပါတယ်၊ အခုကတော့ သူ့ကို လုံခြုံတဲ့နေရာပိုဆောင်ထားတယ်” ဟု ရေစကြိုပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ထိုသို အလင်းဝင်ရောက်လာစဉ် ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ ကျည်အတောင့် ၁၀၀ တိုနှင့် အတူအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့ကာ လွတ် မြောက်နေရာသို ပိုဆောင်ထားကြောင်း သိရသည်။

ရေစကြိုမြိုနယ်အတွင်းရှိ ကျန်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ ရင်ခွင်ထံသို ခိုလှုဝင်ရောက်ပြီး အေးချမ်းသော လူမှုဘဝတွင် လွတ်လပ်စွာနေထိုင်ကြရန်နှင့် အလင်း ဝင်ရောက်မည့်သူများအနေဖြင့် အချိန်မရွေးဆက်သွယ်ကြရန် ရေစကြိုမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ – ပကဖ က အသိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article