25 C
Yangon

ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက် တော်သား ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးနှင့် ဆေးခန်း ပျက်စီး

Must read

ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက် တော်သား ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးနှင့် ဆေးခန်း ပျက်စီး

ရန်ကုန်၊ မတ် ၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ၆ ရက်တာအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးနှင့် ဆေးခန်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ၆ ရက်တာအတွင်း အကြမ်း ဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေယာဉ်ဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ပစ်ခတ် ခြင်း စုစုပေါင်း ၃၆ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် ၃၀၃ လုံး ပစ်ခတ်ခဲ့သောကြောင့် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ် ၇ လုံးနှင့် ဆေးခန်း ၁ လုံး ထိခိုက် ပျက်စီးကာ တော်လှန်ရေး ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဘာဘူကုန်းကျေးရွာ၌ နေရာယူထားသော အကြမ်းဖက် စစ်တပ်က ဇီးကုန်းကျေးရွာကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ ဇီးကုန်းကျေးရွာမှ မောင်သက်စီး၏ နေအိမ်နှင့် ဦးခိုင်လွင်၏နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၆ စီးနှင့် MI-35 ၁ စီးသည် ကေအဲန်ယူ-လယ်ဒိုကော်ဆာ၏ ထီးမိုဂီထာရဲစခန်းနှင့် ကျွန်းတောစခန်းကို ဗုံးကျဲခြင်းနှင့် အော်လီဂန်းဖြင့်ပစ်ခတ်ခြင်း စုစုပေါင်း ၁၄ ကြိမ် ပြုလုပ်ခဲ့ရာ အချုပ်ခန်းတွင် ဖမ်းခံထားရသည့် စစ်တပ် ထောက်တိုင် ဇရပ်ခင်ကျေးရွာရှိ သန်းဇော်ဦး ၄၅ နှစ် သေဆုံးခဲ့ရပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျွန်းတောစခန်းရှိ KNLA လက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၅၅ မမ ၁ လုံးကို ထိုးဝါးစိုက် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာမှ စောဖားထောခေါ်၏ နွား ၂ ကောင် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း၊ ဆက်လက်၍ လက်နက်ကြီး ၁၅၅ မမ ၅ လုံးကို ဘောကထာကျေးရွာအရှေ့ဘက်ကို ပစ်ခတ်ခဲ့ကြောင်း၊ နတ်သံကွင်းတံတားထိပ်နှင့် ကုန်းချောင်းဝ ကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၆၀ မမ စုစုပေါင်း ၇၅ လုံးကို နတ်သံကွင်းမြို့ ဆေးရုံနှင့် တံခွန်တိုက်ရပ်ကွက်ကို ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့် ၅ ကြိမ် လက်နက်ကြီး ၆၀ မမ စုစုပေါင်း ၁၅ လုံးကိုလည်း ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကုန်းချောင်းဝမှ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်က လက်နက်ကြီး ၆၀ မမ စုစုပေါင်း အလုံး ၄၀ ၊ ဒရုန်းဖြင့် ၆ ကြိမ် လက်နက်ကြီး စုစုပေါင်း ၉ လုံး၊ နတ်သံကွင်း တံတားထိပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်များက ဒရုန်းဖြင့် လက်နက်ကြီး ၃ လုံး၊ မူးမြို့နယ်မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ရွှေဝါတပ်ရင်း ခမရ-၃၀၇ က ဟောင်ဝစ်ဇာ လက်နက်ကြီး စုစုပေါင်း ၁၂ လုံးကို နံနက် ၇ နာရီမှ ည ၆ နာရီကျော်အထိ နတ်သံကွင်းမြို့ တံခွန်တိုင်ရပ်ကွက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၅၅ မမ ကို ဘောကထာ ကျေးရွာ အရှေ့ဘက်တွင် ၁ လုံး၊ လက်နက်ကြီး ၁၂၀ မမ ကို ကညင်ကျိုးကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ရာ ယင်း ပစ်ခတ်မှုကြောင့် ကညင်ကျိုးကျေးရွာမှ ဦးစိန်ထွန်း၏ နေအိမ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ မှ လက်နက်ကြီး ၁၅၅ မမ ကို ဘောကထာကျေးရွာအနီး ၇ လုံး၊ လက်နက်ကြီး ၁၂၀ မမကို ကညင်ကျိုးကျေးရွာ ၃ လုံး ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့် ကညင်ကျိုးကျေးရွာမှ ဆေးခန်း ၁ လုံးနှင့် ဦးမောင်ထွန်းထွန်းနှင့် ဦးအောင်ထွန်းလင်း တို့၏ နေအိမ် ၂ လုံးကို ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ထိန်တော၊ ကုန်းချောင်းဝ၊ နတ်သံကွင်းတံတား ထိပ်တွင် နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်များသည် လက်နက်ကြီး ၈၁ မမ နှင့် ၆၀ မမ စုစုပေါင်း ၁၂၃ လုံးနှင့် ဒရုန်းဖြင့် ၉ ကြိမ် လက်နက်ကြီး စုစုပေါင်း ၂၇ လုံးကို နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီကျော် အထိ နတ်သံကွင်းမြို့ တံခွန်တိုင်ရပ်ကွက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အပြင် တံခွန်တိုင် ရပ်ကွက်ထိပ်တွင် လေယာဉ်ဖြင့် မီးလောင်ဗုံး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၅၅ မမ ကို နတ်သံကွင်းမြို့သို့ ၂ လုံး၊ စောမူသယ်နှင့် ဝက်လာတောကျေးရွာသို့ ၂ လုံး၊ ရွှေဝါတပ်ရင်း ခမရ-၃၀၇ က ဟောင်ဝစ်ဇာလက်နက်ကြီးကို တမောမကျေးရွာသို့ ၅ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က လက်နက်ကြီး ၁၂၀ မမ ကို အင်းပရိကျေးရွာသို့ ၄ လုံး ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့် အင်းပရိကျေးရွာမှ တီးခေါမဲ၊ ညားဝါးရှီး၏ နေအိမ်ကို ထိမှန်ပျက်စီးခဲ့ရကြောင်း၊ ခိုသေစိုးစခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်က မူသယ် ကျေးရွာတွင်းကို လက်နက်ကြီး ၁၂၀ မမ ၁၅ လုံး ပစ်ခတ်ခဲ့သောကြောင့် မူသယ်ကျေးရွာမှ နော်ငြင်းလေ၏ နေအိမ် ထိမှန်ပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article