25 C
Yangon

ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်တပ်၏ Jammer ကား ၄ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် မုံရွေးရွာမှ ပြည်သူ ၁ ဦး သေဆုံး

Must read

ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်တပ်၏ Jammer ကား ၄ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် မုံရွေးရွာမှ ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်တပ်၏ Jammer ကား ၄ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် မုံရွေးရွာမှ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း AREA71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ နံနက် ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မုံရွာ (နမခ) မှ ထွက်လာသော Jammer ကား ၄ စီးသည် မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းရွာဘက်ရှိ အကြမ်းဖက် စစ်သားများကို ခေါ်ယူရန် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း မပြုလုပ်သေးဘဲ နံနက် ၄ နာရီ ၃၅ မိနစ် အချိန်တွင် ဘိုးမင်းကြီးကင်းရွာဘက်မှ အကြမ်းဖက်စစ်သားများကို တင်လာချိန်၌ ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ပေါက်ကွဲအား ပြင်းထန်သော မိုင်း ၅ လုံးတွဲဖြင့် အနီးကပ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကားက အခုထိ မိုင်းဆွဲခံထားရတဲ့နေရာမှာ ရှိနေသေးတယ်။ အဲဒီနေရာကနေ ရွာတွေထဲက ပြည်သူနေအိမ်တွေကို လက်နက်ကြီးနဲ့ လှမ်းထုနေတာ။ မုံ‌ရွေးရွာထဲက ပြည်သူနေအိမ်တစ်လုံးပေါ် စစ်ခွေးတွေရမ်းထုတဲ့ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး သေတယ်ဗျ။ တစ်ဦးဒဏ်ရာရတယ်” ဟု AREA71 PDF Monywa မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်၏ ကားတန်းမှ ၂ စီးမြောက်ကားမှာ ထိုးရပ်သွားပြီး အကြမ်းဖက် စစ်သားများက လမ်းဘေးဝဲယာများကို သေနတ်များဖြင့် တရစပ် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို AREA71 PDF Monywa အဖွဲ့နှင့် ANYA DEFENCE FORCE အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article