25 C
Yangon

ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် လားဟူနှင့် အခါတိုင်းရင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

Must read

ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် လားဟူနှင့် အခါတိုင်းရင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

ရန်ကုန်၊ မတ် ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်တို့တွင် လားဟူနှင့်အခါတိုင်းရင်းသားများကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တာချီလိတ်မြို့နယ်တွင် လွန်ခဲ့သော သီတင်းပတ်များအတွင်း လားဟူတိုင်းရင်းသား ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က စုဆောင်းပြီး စစ်သင်တန်းပေးခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် စစ်သင်တန်းပြီးဆုံးသွားပြီဖြစ်ပြီး ရှေ့တန်းသို့ လွှတ်လိမ့်မည်ဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“တာချီလိတ်မှာ လားဟူတွေကိုပြည်သူ့စစ်သင်တန်းပေးတယ်။ လားဟူတွေက အရမ်းရိုးတော့ ဘာမှသိကြတာမဟုတ်ဘူး။ ရှမ်းအရှေ့ကတောင်ပေါ်လားဟူတော်တော်များများက ပြည်သူ့စစ်သင်တန်းတက်ရတယ်။ လားဟူတော်တော်များများက ဒီနိုင်ငံရေး ဆက်စပ်ပြီး သိပ်မသိတော့ တစ်ဖက်က စားဝတ်နေရေးနဲ့ မက်လုံးပေးပြီး ဆွယ်တာ။ သူတို့ကလည်း စားဝတ်နေရေးအဆင်ပြေရင်ပြီးတာပဲ ဆိုပြီး တက်ကြတာ။ လားဟူပြည်သူ့စစ်တွေဖြစ်ကုန်တာ။ စစ်သင်တန်းပြီးတော့ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး စစ်ရေးလေ့ကျင့်နေတာ ရှေ့တန်းထွက်ဖို့ထင်တယ်” ဟု တာချီလိတ်မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ကျိုင်းတုံမြို့နယ်တွင်လည်း လားဟူနှင့် အခါတိုင်းရင်းသားများ အပါအဝင် လူနည်းစု တိုင်းရင်းသားများကို စစ်ကောင်စီက ပြည်သူ့စစ်များအဖြစ်စုဆောင်းပြီး စစ်သင်တန်းပေးနေကြောင်း၊ ကျိုင်းတုံတွင်လည်း ရာကြီးဂဏန်းအထက် ပြည်သူ့စစ်များကို စစ်တပ်က သင်တန်းပေးနေကြောင်း သိရှိရသည်။

“ရှမ်းအရှေ့က လားဟူတွေ အာခါလူမျိုးတွေ တော်တော်များများ ပြည်သူ့စစ်သင်တန်းတွေ တက်နေကြရတာ။ တာချီလိတ် ၃၀၀ ၊ ကျိုင်းတုံမှာလည်း ရာဂဏန်းဆိုတော့ နည်းမှာမဟုတ်ဘူး” ဟု ပြည်သူ့စစ်သင်တန်းများ အကြောင်း သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article