38 C
Yangon

ကနီမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ အလွန်ပြင်းထန်နေ၊ စစ်တိုက်လေယာဉ်များကလည်း ဗုံးကျဲနေ

Must read

ကနီမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ အလွန်ပြင်းထန်နေ၊ စစ်တိုက်လေယာဉ်များကလည်း ဗုံးကျဲနေ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ အလွန်ပြင်းထန်နေကြောင်း ကနီမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုများက ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ကနီမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်း တပ်စွဲ စခန်းချထားသော စစ်ကောင်စီအထိုင်းစခန်းအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

“ပစ်တဲ့အသံ တွေကတောဆူညံနေတာပဲ။ အခုထိပစ်နေကြတုန်း ။ ဘာတွေဖြစ်မလဲတော့မသိဘူး။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့လာပစ်တယ်။ ပထမက ဂျက်ဖိုက်တာနဲ့ တံတာဦးလေတပ်ကနေ လာတာ။ ဗုံးသီးတွေနဲ့ကျဲချတယ်။ ဒုတိယ Mi35 ရဟတ်ယာဉ်နဲ့ပစ်တယ်။ အဲဒီရဟတ်ယာဉ်ကတော့ အကြာကြီးကိုပတ်ပစ်တယ်” ဟု ကနီမြို့ မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ်များက တပ်စွဲထားသော ကနီအထကစာသင်ကျောင်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် ကနီရွှေတိဂုံတောင်ပေါ်မှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများကို အဓိက ထားလုပ်ဆောင်နေကြောင်း၊ မြို့အတွင်းတွင် ပြည်သူများလည်း ပိတ်မိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ရေးလေ့ကျင့်နေသော ကနီ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article