25 C
Yangon

ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း SGU ဂဠုန် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁ ရက်နေ့က ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းမှ သဲဘုတ်ကြီးကျေးရွာဘက်သို့ အင်အား ၂၅ ဦးခန့်ဖြင့် ထွက်လာသည့် စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှေ့ဆက်တိုးလာခြင်းမရှိတော့ပဲ ရှိန်းမကားရဲစခန်း အတွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်ဗျ၊ လောလောဆယ်တော့ စုံစမ်းနေတုန်း၊ တိုက် ပွဲဖြစ်ပြီးတော့အထိုင်ရဲစခန်းဘက်ကို ပြန်ဆုတ်သွားတာ၊ အင်အားကလည်း သိပ်မများဘူး၊ ခန့်မှန်း ၂၅ ယောက်လောက်ပဲ ရှိမှာ၊ အထိုင်ကနေ ထွက်ပြီး စစ်ကြောင်းထိုးတာ” ဟု SGU ဂဠုန် ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို SGU ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကျားကြီးတပ်ဖွဲ့နှင့် အခြား မဟမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article