30 C
Yangon

ကန်တကီပြည်နယ်၊ လူးဝစ်ဘေးမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသား များ တွေ့ဆုံ

Must read

ကန်တကီပြည်နယ်၊ လူးဝစ်ဘေးမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသား များ တွေ့ဆုံ

ရန်ကုန်၊ မတ် ၃

အမေရိကန်ပြည်ထောင်စု၊ ကန်တကီပြည်နယ်၊ လူးဝစ်ဘေးမြို့တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသားများ တွေ့ဆုံကြကြောင်း သိရှီရသည်။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အဝေးရောက် နွေဦးတော်လှန်ရေးတိုင်းရင်းသားညီကိုမောင်များ တွေ့ဆုံပွဲကို အမေရိကန်နိုင်ငံ ကန်တကီ ပြည်နယ် လူးဝစ်ဘေးမြို့တွင် မတ်လ ၂ ရက်နေ့ ညနေပိုင်း (မြန်မာစံတော်ချိန် မတ်လ ၃ ရက်နေ့) ကျင်းပခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲသို့ ဘာသာရေးဆိုင်ရာ အသင်းတော်များ တိုင်းရင်းသားခေါင်းဆောင်များကန်တကီပြည်နယ် လူဝီဘေးမြို့ဒုတိယမြို့တော်ဝန် Ms Nicole နှင့်အတူ မြန်မာအရေးကူညီပံ့ပိုးဆောင်ရွက်သူ Mr Steve တို့က နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သည့်အကြောင်းရာများကို ပွင့်ပွင့်လင်းလင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက မေးမြန်းသည့် သိလိုတဲ့မေးခွန်းများကိုလည်းသံမတ်ကြီးဦးကျော်မိုးထွန်းမှ ရင်းနှီးပွင့်လင်းစွာပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article