25 C
Yangon

ပုလဲမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ထွေအုပ်ရုံးနှင့် ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ပုလဲမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ထွေအုပ်ရုံးနှင့် ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ထွေအုပ်ရုံးနှင့် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၄၇ မိနစ်ထိ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ထွေအုပ်ရုံးနှင့် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး လက်ရှိချိန်ထိ ဆေးကုသမှု ခံယူနေရကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးထိမှန်ပြီး သုံးကောင် ဆွဲထမ်းသွားတယ်လို့ ဖရဲသီးက အတည်ပြုထားတယ်။ အခုချိန်ထိတော့ အဲ ၃ ကောင်က ဆေးရုံမှာ သေဆုံးမှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ယင်းမာင်တပ်ရင်း ၂၉ ၊ ယင်းမာပင်တပ်ရင်း ၂၉ ခွဲ ၂ ၊ ယင်းမာပင်ခရိုင်အမှတ်တပ်ရင်း၁၀ ဒေါင်းနက် ၊ ပုလဲဂျော်ကာ ၊ တာဇံ နှင့် ကျားကြီး စသည့် မဟာမိတ် ပူပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article