36 C
Yangon

နတ်မောက်မြို့နယ်၊ တဲကြီးကျေးရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

နတ်မောက်မြို့နယ်၊ တဲကြီးကျေးရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တဲကြီးကျေးရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း နတ်မောက် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တဲကြီးကျေးရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရန် တော်လှန်ရေး တပ်ဖွဲ့များ စောင့်ဆိုင်းနေသည်ကို ရှေ့ပြေး ပျူစောထီးများက သတင်းရရှိသွားပြီး စစ်တပ် စစ်ကြောင်း တက်လာစဉ် ရှေ့ဆုံးမှ တက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ် ဖြစ်ပွားခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဆင်ထားသော မိုင်းများ မခွဲနိုင်ခဲ့ဘဲ အလျင်အမြန် ပြန်လည်ဆုတ်ခွာခဲ့ရာ ဆိုင်ကယ် ၂ စီးလည်း ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက် (ပကဖ) မြို့သစ် ပကဖ၊ ၉၀၂တပ်ရင်း NPDF ၊ ငါးပြေမ ပျောက်ကြားတပ်ဖွဲ့၊ ဗိဿနိုး လက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ Aung San Lant ၊ ဗိဿနိုး လက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့၊ မကွေးခရိုင် တပ်ရင်း (၂) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article