38 C
Yangon

မောင်တော ရန်အောင်ပြင် စစ်စခန်းနှင့် ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က ဆက်လက် ထိုးစစ်ဆင်

Must read

မောင်တော ရန်အောင်ပြင် စစ်စခန်းနှင့် ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က ဆက်လက် ထိုးစစ်ဆင်

ရန်ကုန်၊ မတ် ၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရန်အောင်ပြင် စစ်စခန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် ခမရ ၅၅၀ တပ်ရင်းတို့ကို အပြီး သတ်သိမ်းပိုက်နိုင်ရေး AA က ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများ၊ နယ်ခြားစောင့် တပ်စခန်းများအပြင် လက်နက်ကြီးစခန်းများကိုပါ ရက္ခိုင့်တပ်တော်မှ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြိုများရှိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းများကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့တွင်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ထိုကြောင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တိုအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိကြောင်း၊ စစ်တပ်ကလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းစခန်းမကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ မောင်တောမြိုနယ်မြောက်ပိုင်းရှိ ရန်သူ၏ “ရန်အောင်ပြင်စခန်း” ကိုလည်း AA က ဆက်လက် ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article