25 C
Yangon

ချမ်းမြသာစည်မြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များကို စစ်တပ်နှင့် ပျူစောထီးများက အဓမ္မ ဖယ်ရှားခိုင်းပြီး လုပ်ငန်းရှင်များထံ ပြန်လည် ရောင်းစား

Must read

ချမ်းမြသာစည်မြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များကို စစ်တပ်နှင့် ပျူစောထီးများက အဓမ္မ ဖယ်ရှားခိုင်းပြီး လုပ်ငန်းရှင်များထံ ပြန်လည် ရောင်းစား

ရန်ကုန်၊ မတ် ၃

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက အဓမ္မ ဖယ်ရှားခိုင်းပြီး လုပ်ငန်းရှင်များထံ ပြန်လည် ရောင်းစား နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ချမ်းမြသာစည်မြို့နယ်၊ ဧရာထွန်း ရပ်ကွက်နှင့် သာယာကုန်းရပ်ကွက်ရှိ ကျူးကျော်နေအိမ် ၂၀၀၀ ကျော်ကို ဖေဖော်ဝါရီလပိုင်းက စတင်ကာ အုပ်ချုပ်ရေးမှူး ဇော်နောင် ၊ ဆယ်အိမ်မှူး ပျူစောထီးခေါင်း စောထူး၊ စစ်သား နှင့် ရဲများ ပူးပေါင်းကာ အတင်းအဓမ္မ ဖယ်ရှားခိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး ဇော်နောင်၊ ဆယ်အိမ်မှူး ပျူစောထီး ခေါင်းဆောင် စောထူး၊ စစ်တပ်နဲ့ ရဲတွေပေါင်းပြီး ကျူးကျော် ရပ်ကွက်က ပြည်သူတွေကို ဖယ်ခိုင်းပြီး ရောင်းစားနေကြပါတယ်။ ခြံစည်းရိုးတွေလည်း ခတ်နေတယ်။ အဲတာတွေ အကုန်လုံးကို ပျူစောထီး ခေါင်းဆောင် စောထူးက ဦးဆောင်နေတာ နိုင်ငံခြားသား လုပ်ငန်းရှင်တွေဖြစ်တဲ့ တရုတ်တွေ ဂျပန်တွေကို ပြန်ရောင်းစားနေတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ပျူစောထီး ခေါင်းဆောင် စောထူးနှင့် စစ်သားများသည် သာယာကုန်းရပ်ကွက်ရှိ ကျူးကျော်နေအိမ်များကို ယနေ့ မတ်လ ၃ ရက်နေ့တွင် ခြံခတ်နေပြီး အိမ်ခြေ ၂၀၀၀ ခန့်ရှိကြောင်း၊ ထို့ပြင် ဧရာထွန်း ရပ်ကွက်ရှိ ကျူးကျော်များကိုလည်း ရောင်းစားလျက်ရှိကြောင်း သိရှိရသည်။

“စည်ပင်တွေနဲ့ပေါင်း စစ်သားတွေ ရဲတွေ နဲ့ပေါင်းပြီး စောထူးက ရောင်းစားနေတာ ၅ ကြိမ်‌မြောက်ရှိပြီး ဖျက်နေတာ စောထူးဆိုတဲ့ ကောင်လည်း ကျူးကျော်မှာနေတာပဲ သူ့အိမ်ကတော့ ဘယ်တော့ကမှ ဖျက်တဲ့အထဲမပါဘူး” ဟု ဒေသနေ ပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article