26 C
Yangon

မုံရွာ-ရေဦး လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၂ ဦးသေဆုံး

Must read

မုံရွာ-ရေဦး လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း BOB – Battalion Of Budalin မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ဘုတလင်မြို့မ စခန်းမှ ဗျူဟာမှူး ချိန်းရန် နမခ သို့ ပြည်သူကားများကို ချောဆွဲပြီး ကား ၃ စီးခန့် ဖြင့် မုံရွာ-ရေဦး လမ်းပိုင်းအတိုင်း ထွက်ခွာလာစဉ် ညောင်ပင်ကန်ရွာအနီး မိုး ကိုယ်ပိုင်အထက်တန်းကျောင်း အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ဦးခေါင်း နှင့် ရင်ဘတ်ကို ကျည်ထိမှန်ကာ ၂ ဦးလုံး သေဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရကာ စစ်ကောင်စီ တပ်သားများ နမခ ကို ဆက်မသွားနိုင်ဘဲ ဘုတလင်မြို့မ စခန်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၀ BOB တပ်ရင်းနှင့် မြို့နယ် ကာကွယ်ရေး ရဲဘော်တစ်ဦး တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း BOB – Battalion Of Budalin မှ ရဲဘော်များသည် တော်လှန်ရေးကို မျက်နာမူပြီး တိုက်ပွဲဝင်နေကြသည့် အတွင် လိုအပ်ချက် များစွာရှိကြောင်း၊ လိုအပ်ချက်များစွာထဲမှ လတ်တလော အရေးပေါ် လိုနေသည့် ကျည်ကာ ပစ္စည်းတွေ အတွက် ကူညီအားဖြည့်ပေးကြရန် မေတ္တာရပ်ခံကြောင်း၊ ရှေ့တန်းတွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြသည့် ရဲဘော်များ၏ အသက်များကို ကာကွယ်ပေးကြပါဦး မေတ္တာ ရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article