31 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၄ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– အကြမ်းဖက် စစ်ကောင်စီက သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေချမှတ်ထားတဲ့ လောက် ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦးရဲ့ ဇနီးတွေကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေးဘဲ သတင်းစုံစမ်းမရဖြစ်နေတယ်လို့ အဆိုပါဗိုလ်မှူးချုပ်မိသားစုတွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

– တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနဲ့ ပျူစောထီး ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီ SOF မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

– ရခိုင်စစ်မျက်နှာပြင်မှာ ကျောင်းဆင်းစ စစ်ဗိုလ်တချို့ အပါအဝင် တိုက်ခိုက်ရေးတပ်မဟုတ်တဲ့ လက်ရုံးတပ်တွေက စစ်သည်တွေ သေဆုံးမှု များပြားနေတယ်လို့ စစ်တပ်သတင်းရင်းမြစ်တချို့နှင့် ကျောင်းဆင်းစ စစ်ဗိုလ်တချို့ရဲ့ နာရေးအကြောင်း သိရှိသူ ပြည်သူတချို့ဆီကနေ သိရပါတယ်။

– မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တွေကို အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး တွေက အဓမ္မ ဖယ်ရှားခိုင်းပြီး လုပ်ငန်းရှင်တွေဆီ ပြန်လည် ရောင်းစား နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article