25 C
Yangon

ပေါင်းတည်မြိုနယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မုံရွာတွင် စစ် တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံး မှုရှိနိုင်

Must read

ရန်ကုန်၊ မတ် ၄

ပဲခူးတိုင်း၊ ပေါင်းတည်မြိုနယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို၊ ကျောက်တံခါးအုပ်စု၊ အလယ်ရွာနှင့်ရုပ်ဆိုင်ရွာအကြားတွင် သိမ်ကုန်းရွာ စစ်တပ်အထိုင်စခန်းမှ ထွက်လာသော အင်အား ၂၃ ဦးပါ စစ်ကြောင်းကို
မိုင်း ၃ လုံးဆွဲတိုက်ခိုက်ရာ အနည်းဆုံး စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထိုပြင် ဘန်းဘွေးကန်ရွာမှ အင်အားဖြည့်တင်းပြီး ထွက်လာသော အင်အား ၄၇ ဦးပါစစ်ကြောင်းသည် PDF စ ခန်း ငယ်တစ်ခုကို ဝင်ရောက်စီးနင်းကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက သတင်းကြိုတင်ရရှိပြီးလက် နက် အင်အားလူအင်အားမမျှတ၍ စခန်းငယ်ကို စွန့်ခွာကာ ထိုစခန်းအတွင်း ပဒေသာမိုင်း ၄ လုံးထောင်ထားခဲ့ကြောင်း၊ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စစ်တပ်က PDF စခန်းငယ်ထဲသို ဝင်ရောက်စီးနင်းစဉ် ထောင် ထားသော မိုင်းများကို ဖောက်ခွဲလိုက်ကြောင်း၊ မိုင်းဖောက်ခွဲမှုကြောင့် စစ်သား ၃ ဦး နေရာတွင်ပင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အထိနာသွားသော စစ်တပ်က PDF စခန်းငယ်ကို မီးရှိဖျက်ဆီးပြီး ရုပ်ဆိုင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်းသို ဝင်ရောက်သွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက် ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မတစ်ထောင်တစ် ကောင်ဘွား ဒီပဲယင်းတပ်ဖွဲထံမှ သိရသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့် အရာတော်မြိုမှ အင်အား ၆၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မုံရွာမြိုနယ်အတွင်းတနေရာ အရောက် Fixed Wings နည်းပညာ တိုက်ခိုက်ရေး Drone များဖြင့် ဗုံးသီး ၄ လုံး၊ ညနေ ၃ နာရီ ၅၅ မိနစ်တွင် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်သားများ အဓိက နေရာယူထားရာ နေရာများကို ကျဲချ တိုက် ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ၊ ကြောင် လက် သည်းပြည်သူ့ကာကွယ်ရေးအဖွဲ (ဝက်လက်)၊ Drop for Justice အဖွဲနှင့် Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article