25 C
Yangon

စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို စစ်သင်တန်း ၂ ပတ်ပေးပြီး ရှေ့တန်းစစ်မျက်နှာပြင်များသို စတင် စေလွှတ်

Must read

ရန်ကုန်၊ မတ် ၄

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို စစ်သင်တန်း ၂ ပတ် ပေးပြီး ရှေ့တန်းစစ် မျက်နှာပြင်များသို စတင်စေလွှတ်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ပြည်နယ်နှင့်တိုင်းအသီးသီးမှ စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို နေပြည်တော်သို ခေါ်ယူထားပြီး တောင်တွင်းကြီးမြိုတွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်း စေလွှတ်နေပြီဖြစ်ကြောင်း၊ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးမှ စစ်သည်မှစ၍ အရာရှိအဆင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူထားကြောင်း၊ ခေါ်ယူထားသော စစ်အင်အားမှာ ၂၀၀၀ နီးပါးရှိပြီး ယင်းစစ်မှုထမ်းဟောင်းများကို တောင်တွင်းကြီးမြိုရှိ တပ်များတွင် စစ်သင်တန်းများ ၂ ပတ်ကြာ သင်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်ကစစ်မှုထမ်းဟောင်းတွေသင်တန်း၂ပတ်ပေးပြီးရှေ့တန်းပိုလိုက်ပါပြီ။ အရန်အဖွဲ၀င် ဥပဒေသုံးပြီး ငယ်တဲ့သူက စခေါ်တယ်ဆိုပြီး အိုနာကျိုးကန်းနဲ့ဗိုက်ခွဲထားတဲ့လူတွေပါ ဆေးအောင်ပြပြီးခေါ်သွားတာပါ။ စာချုပ်နဲ့ထွက်မရဘူးထွက်ပြေးလည်း မလွတ်ဘူးပြောပြီးပိုလိုက်တာပါ။ ခေါ်တုန်းကတော့ကိုယ့်ရပ်ရွာပဲတာ၀န်ချမယ်ဆိုပြီးမျက်စိမှုန်နားထိုင်းဗိုက်ခွဲဘာညာတွေပါပိုတာပါ။ သတင်းတွေကို အသံမထွက်အောင်လုပ်ပြီးပိုတာပါ။ အခု အဲ့ဒီလူတွေ သတင်း အစအန မရတော့ပါဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အရန်တပ်ဖွဲဥပဒေ ကို အသက်သွင်းကြောင်း ကြေညာခဲ့ကြောင်း၊ အရန်တပ်ဖွဲဥပဒေတွင် စစ်တပ်မှ အငြိမ်းစားရယူထားသူများ၊ ထွက်ခွင့်ရသူများအနေဖြင့် ထွက်ခွင့်ရသည့်နေ့၊ အငြိမ်းစားရသည့်နေ့မှ ၅ နှစ်အထိ ဆက်လက်စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲဝင်အဖြစ် ဆင့်ခေါ်ခံရလျှင် စစ်မှုထမ်းရန်အတွက် လာရောက်ရမည်ဖြစ်ပြီး ငြင်းဆိုပါက ထောင် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းအတွင်း စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များကို စစ်ကောင်စီဗိုလ်ချုပ်များက တွေ့ဆုံစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဧရာ၀တီတိုင်းအတွင်း စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များကို စစ်ကောင်စီဗိုလ်ချုပ်များက တွေ့ဆုံစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article