25 C
Yangon

ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်မှု ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၂ မိနစ်ခန့်တွင် အုတ်ဖိုမြိုနယ်၊ ဂုံညင်းတန်းကျေးရွာ ရန်ကုန်-ပြည် လမ်းပိုင်းရှိ “Shine Cafe” ဆိုင်တွင် ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးရန် စောင့်ဆိုင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း နယ်ထိန်း မင်းသွေးနှင့် ပျူစောထီး သံချောင်းတို နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ရဲတပ်ဖွဲဝင် ဖုန်းမြင့်အောင် ဆိုသူ ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ကျန် ရဲနှင့် ပျူစောထီးများ ကြောက်လန့်တကြား ထွက်ပြေးသွားပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ဒီကောင်တွေက ပြည်သူတွေ ဆိုင်ကယ်ကို မတရားဖမ်းတာ ငွေတောင်းကလည်းကြမ်းတယ်။ သိန်းနဲ့ချီပေးရတာ ဆိုင်ကယ် ၁ စီး၁ သိန်းကနေ ၅ သိန်းအထိ တောင်းတာ တချိုဆို ထောင်တောင်ကျတာရှိတယ်။ အနီးကပ် ဝင်ဆော်တာ ၆ ချက်ပစ်တာ ကျန်တဲ့ ရဲခွေးနဲ့ ပျူတွေ ထွက်ပြေးလို လိုက်ပစ်ပေမယ့် ပြည်သူတွေ ကြောက်လန့်နေတဲ့အတွက် ပြန်ဆုတ်လာကြတာ အုတ်ဖိုမြိုနယ်က စစ်ခွေး၊ ရဲခွေးနဲ့ ပျူတွေ အနီးအနား မနေကြဖို ပြည်သူတွေကို အထူးသတိပေးပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အုတ်ဖိုမြိုနယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ၄င်းတို၏ အုပ်ချုပ်ရေး ယန္တရားများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article