25 C
Yangon

PDF များ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင် နေသည့်အဖွဲမှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဟု AA ပြောဆို

Must read

ရခိုင်တစ်ပြည်လုံးနှင့်အတူ မြန်မာပြည်သူများ လွတ်မြောက်ရေး လုပ် ဆောင် မည်ဖြစ်ပြီး ရခိုင်ဒေသအတွက် ကွန်ဖယ်ဒရိတ်ထက် မနိမ့်သော အဆင့် ရယူမည်

ရန်ကုန်၊ မတ် ၄

PDF များအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်နေသည့်အဖွဲအစည်းများမှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဖြစ်ကာ မတူညီမှုများကို ခွဲလုပ်ကာ တူညီမှုများကို ပူးတွဲလုပ်ဆောင်မည်ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် ရက္ခိုင်တပ်တော်-AA ၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို အထက်ပါအတိုင်း ခိုင်သုခက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်ကတည်းက စစ်အာဏာရှင် ဆန့်ကျင်နေသော အဖွဲများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့ပြီး မိတ်ဆွေအဖြစ် သတ်မှတ်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသော အဖွဲများအားလုံးနှင့် ပူးပေါင်းရွက်ရာတွင် တူညီမှုများကို ပူးတွဲ လုပ်ဆောင်မည်ဖြစ်ပြီး မတူညီမှုများကို ခွဲခြား၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သော အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ခိုင်သုခက ဆိုသည်။

ထိုပြင် ရက္ခိုင်တပ်တော်အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရန် အစီအစဉ် မရှိသော်လည်း တွဲ၍ နေမရပါက စဉ်းစားရမည်ဖြစ်ကြောင်း၊ ရက္ခိတလမ်းစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ရခိုင် တစ်ပြည်လုံး လွတ်မြောက်ရေး ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာပြည်သူများအားလုံး လွတ်မြောက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခိုင်သုခက ပြောဆိုသည်။

သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်မည်ဆိုခြင်းထက် ပြည်ထောင်စုထဲမှာပဲ ဆက်လက်နေမည်ဖြစ်ကာ ရခိုင်လူမျိုးတို၏ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးရေးကို ကိုယ့်လက်နှင့်ကိုယ် ဖန်တီးဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခက ဆိုသည်။

” ကျနော်တိုက ခွဲထွက်မှာ မဟုတ်ဘူး။ ကွန်ဖန်ဒရိတ်ထက် မနိမ့်တဲ့ အဆင့်ကိုတော့ ရကိုရမယ်လို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်သူ့ဆီကမှ တောင်းဆိုမှာမဟုတ်ဘူး။ ကျနော်တိုကိုယ်တိုင်သာ အာမခံချက်ရှိရေးကို လုပ်ဆောင်မှာဖြစ်ပါတယ်။ ” ဟု ပြောသည်။

သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်ခြင်း၊ မထူထောင်ခြင်းသည် တစ်အိမ်ထဲတွင် အတူတူနေထိုင်၍ ရခြင်း၊ မရခြင်းနှင့် တိုက်ရိုက်သက်ဆိုင် အချိုးကျသည်ဟု ဦးခိုင်သုခက ဆိုသည်။

သိုသော်လည်း အတူတူနေထိုင်၍ ပြည်သူများ စိတ်မချမ်းသာဖြစ်နေရခြင်း၊ ရခိုင်ပြည်သူများ နေ့စဉ် သတ်ဖြတ်၊ ဖမ်းဆီးခံနေရခြင်း ရှိနေဦးမည်ဆိုပါက တစ်အိမ်ထဲ ဆက်လက် အတူတူနေထိုင်ရေးကို စဉ်းစားရမည်ဟု AA က ပြောသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article