25 C
Yangon

စစ်တွေမြိုခံများကို အကြမ်းဖက်စစ်တပ်က ပြန်ပေးဆွဲဓားစာခံပြုလုပ်ထားဟု AA ပြော

Must read

ရန်ကုန် ၊ မတ် ၄

ရခိုင်ပြည်နယ်တွင် စစ်ရှုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်တွေမြိုခံများကို သွားလာခွင့်မပေးဘဲ ပြန်ပေးဆွဲဓားစာခံပြုလုပ်ထားကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောဆိုခွင့်ပုဂ္ဂိုလ် ခိုင်သုခကပြောသည်။

စစ်တွေမြိုတွင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိဘဲ လမ်း၊ တံတားများဖျက် ဆီးခဲ့ပြီး စစ်တွေအဝင်လမ်း တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းအပြင် မြိုခံများကို မြိုပြင်ထွက်ခွင့် မပေး၍ အပြင်ထွက်ခွင့် မရကြကြောင်း ခိုင်သုခကပြောသည်။

လက်ရှိအချိန်တွင် စစ်တွေ မြိုခံများမှာ အကြမ်းစစ်ကောင်စီ၏ ပြန်ပေးဆွဲ ဓားစာခံအဖြစ် ဖမ်းဆီးခံထား ရသည့် အနေအထားသို ရောက်ရှိနေကြောင်း ပြောဆိုထားသည်။

ယင်းသို ဓားစာခံအဖြစ်ဖမ်းဆီးထားသည့် ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်နေခြင်းသည် လူသားဆန်မှုကင်းသည့် လုပ်ရပ်သာဖြစ်ပြီးစစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ၏ စစ်တွေမြိုအနီး ရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးပစ် ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးနေရာတွင်သေဆုံးခဲ့ရကာ အပြင်း စား ဒဏ်ရာရသူ ၃၁ ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅ဝ နီးပါးအထိရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲချုပ်က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – စားသုံးဆီ တန်းစီနေသည့် စစ်တွေမြိုခံများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စားသုံးဆီ တန်းစီနေသည့် စစ်တွေမြိုခံများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article