25 C
Yangon

အုတ်ဖိုမြိုနယ်နှင့် စဉ့်ကိုင်မြိုနယ်တွင် ပျူစောထီး ခေါင်းဆောင် လင်မယားနှင့် အုပ်ချုပ်ရေးမှး ၁ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ မတ် ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်၊ ကိုင်းကြီးကျေးရွာ ပျူစောထီး ခေါင်းဆောင် လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး လက်ပစ်ဗုံး ထိမှန်ပြီး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အုတ်ဖိုမြိုနယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်ဆောင် တင်အောင်နှင့် ဇနီးဖြစ်သူ ထွေးကြည် ခေါ် သေးသေး တိုကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ – ၁ YOMA (GBK PDF) ပြည်သူကာကွယ်ရေး တပ်ဖွဲမှ နေအိမ် အတွင်း ဝင်ရောက် ပစ်ခတ်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု အတွင်း ပျူစောထီး ခေါင်းဆောင် တင်အောင်သည် လက်ပစ်ဗုံး ၂ လုံးဖြင့် တော်လှန်ရေး ရဲဘော်များကို ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၁) တပ်ခွဲ ၁ YOMA (GBK PDF) ပြည်သူကာကွယ်ရေး တပ်ဖွဲမှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ရောင်ခြည် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“အုပ်ကြီး လင်မယားသေတယ်။ အုပ်ကြီးမသေခင် လက်ပစ်ဗုံးနဲ့ ပစ်လို ရဲဘော် ၂ ဦး ဒဏ်ရာရတယ်။ ရဲဘော် ၂ ဦးကို ပြန်ခေါ်ပြီးပြန်လာတာ ရဲဘော်ရောင်ခြည်က ခြေထောက် ၂ ဘက်ရယ်၊ အစာအိမ်နားနဲ့ နှလုံးရယ်၊ နောက်လက်တွေရော ဗုံးစတွေမှန် ကျဆုံးသွားတာစခန်းပြန်ရောက်ပြီး ၅ မိနစ်လောက်အကြာမှာ ကျဆုံးသွားတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် ၂ ဦးကို တော်လှန်ရေး ရဲဘော်များ လာရောက်ခေါ်ဆောင်စဉ် ကိုင်းကြီးကိုင်းကလေးနားတွင် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင်ရှိ အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ ထောက်တိုင် ပျူစောထီးအဖွဲများကို ဆက်လက် တိုက်ခိုက် သွားမည် ဖြစ်ကြောင်း YOMA GBK PDF သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ က ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကိုင်မြိုနယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စဥ့်ကိုင်မြိုနယ်၊ ကုန်းသာရွာ အုပ်ချုပ်ရေးမှူး တင်ဌေးသည် ကျောက်ဆည်မြိုနယ်၊ ညောင်ရွေရွာ ရွှေဆပ်သွားဘုရားပွဲမှ ပြန်လာစဉ် အမည်မသိ သေနတ် သမားများက စဥ့်ကိုင်မြိုနယ် နေပူရွာ အရှေ့ဘက် လမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းကို သေနတ် ကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“တင်ဌေး ဆိုင်ကယ်မောင်းလာတုန်း ဘေးချင်ကပ်ရပ် မောင်းပြီး ပစ်သွားတာပါ။ ဦးခေါင်းကို သေနတ်ကျည် ၂ ချက် ထိမှန်ပြီး သေတာ အဲ့လူကို ပြည်သူတွေက တော်တော် မုန်းနေကြတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article